၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်၊ မြန်မာစံတော်ချိန် ၂၁ နာရီ၊ ၅၄ မိနစ်၊ ၃၁ စက္ကန့်အချိန်တွင် အင်အားရစ်(ခ်)တာစကေား (၄.၁) အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု ရန်ကုန်တွင် လှုပ်ခတ်သွားကြောင်း သိရှိရပါတယ်။
ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက်မိုင် (၃၀)ခန့် ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်တွင်း (တိုက်ကြီးမြို့၏ အနာက်တောင်ဘက် ၁၃ မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် ၁၇.၁၇ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၈၃) ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ခတ်သွားတယ်လို့ မိုး/ဇလက ကြေညာချက်ထုတ်ပြန်ထားပါတယ်။
ရန်ကုန်မြောက်ပိုင်း မှော်ဘီမြို့နယ်အတွင်း ဗဟိုပြုပြီး လှုပ်ခတ်တာဖြစ်တယ်လို့ သိရပါတယ်။