ပါကစ္စတန်တွင် ခရီးသည်တင်ကားခေါင်းမိုး၌ ဗုံးထောင်ဖောက်ခွဲ၍ ၁၁ ဦးသေဆုံး

ပါကစ္စတန်တွင် ခရီးသည်တင်ကားခေါင်းမိုး၌ ဗုံးထောင်ဖောက်ခွဲ၍ ၁၁ ဦးသေဆုံး

ပါကစ္စတန်နိုင်ငံ ကွီတာမြို့တွင် ခရီးသည်တင်ကားတစ်စီး ဗုံးခွဲခံရ၍ လူအနည်းဆုံး ၁၁ ဦးသေဆုံးကာ ၂၂ ဦး ထိခိုက်ဒဏ်ရာရကြောင်း ရဲက ပြောသည်။

ပေါက်ကွဲပစ္စည်းကို ကားခေါင်မိုးတွင် ထောင်ပြီး ဖောက်ခွဲခံရခြင်းဖြစ်သည်ဟု မြို့ရှိအကြီးတန်ရဲအရာရှိက ပြောသည်။

အထက်ပါပေါက်ကွဲမှုနှင့် ပတ်သက်ကာ မည်သည့်အဖွဲ့ကမျှ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ကြေညာလာသေးခြင်းမရှိပေ။

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ်သည် ခွဲထွက်ရေးသမားများ၊ ဂိုဏ်းဂဏအကွဲအပြဲများနှင့် အစ္စလာမ်မစ်သောင်းကျန်းသူများ၏ ဒဏ်ကို ရင်ဆိုင်နေရသည်။

အထက်ပါဗုံးခွဲမှုသည် အလုပ်သိမ်းချိန် ဆင်ခြေဖုံးရပ်ရှိ နေအိမ်များသို့ ပြန်လာကြသည့် အလုပ်သမားများ စီးနင်းလာသည့် ကားကို ဗုံးထောင်ဖောက်ခွဲခြင်းဖြစ်သည်ဟု သတင်းများက ဖော်ပြသည်။

"ဒါက သူရဲဘောနည်းတဲ့ လုပ်ရပ်ပါ။ အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ သွေးကြောင်သူတွေရဲ့ လုပ်ရပ်ပဲဖြစ်တယ်။ ဒီမှာ အစွန်းရောက်အကြမ်းဖက်တွေကို ကျွန်တော်တို့ ဆန့်ကျင်တိုက်ခိုက်နေတယ်။"ဟု ပြည်နယ်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီး ဆာဖာရတ်က ရိုက်တာသတင်းသို့ပြောပြီး နောက်ဆုံး အစွန်းရောက်အကြမ်းဖက်သမားတွေ တစ်ယောက်မျှ မကျန်တော့သည့်အထိ ချေမှုန်းသွားမည်ဖြစ်ကြောင်းလည်း ဖြည့်စွက်ပြောခဲ့သည်။

Ref ; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly