၁၅ ပေခန့် ငါးကြီး တစ်ကောင် သေဆုံးလျှက် ဖမ်းမိ

၁၅ ပေခန့် ငါးကြီး တစ်ကောင် သေဆုံးလျှက် ဖမ်းမိ

မြိတ်၊ နိုဝင်ဘာ ၁၂ ။            ။ မြိတ်မြို့ ရေမြစ်ကြီးကျေးရွာတွင် ဒေသခံများ မိရိုးဖလာ လုပ်ကိုင် နေသော ဂွေးဖောင် ပိုက် တွင်  နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေ ပိုင်းက ဝါဇီဗျောက်ဟု ယူဆ ရသော ၁၅ပေခန့်ရှိ ငါးကြီး တစ်ကောင်ကို သေဆုံး နေသည်ကို တွေ့ရကြောင်း  ဒေသခံများထံကသိရ သည်။

 “ငါးကြီးကို တွေ့ရှိတာက မနေ့က ဖြစ်တယ်၊ အရွယ်အစားက ခန့်မှန်းချက် အရ ၁၅ ပေလောက် ရှိမယ်လို့ ထင်ပါတယ်၊ ဘယ်လို ငါး အမျိုး အစား ဆိုတာ တိတိ ကျကျ မသိရသေးပါဘူး၊ တံငါးတွေရဲ့ ပြောကြားချက် အရဆိုရင် ဝါဇီဗျောက် သို့မဟုတ် ငါးမန်းတောက်တဲလို့ ပြောဆို နေတာမျိုး ရှိနေတယ်”ဟု ရေမြစ်ကြီးကျေးရွာနေ ဒေသခံ ဦးမြင့်စိုးက ပြောသည်။

လည်းကောင်း ငါးကြီးကို ဒေသခံများက ကမ်းပေါ်သို့ ဆယ်ယူထားပြီး သက်ဆိုင်ရာသို့ အကြောင်းကြား သဖြင့်  နိုဝင်ဘာလ ၁၂ ရက်နေ့ မွန်းလွှဲပိုင်းတွင်  မြိတ်မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိ သူများ  စစ်နေကြောင်း သိရ သည်။

“လောလောဆယ်တော့ ရွာသားတွေ တွေ့ရှိထားတဲ့ ငါးကြီးကို ကျွန်တော်တို့ သွားရောက် စစ်ဆေး နေပါတယ်၊ ဘယ်လို ငါး အမျိုး အစား ဆိုတာ တိတိ ကျကျ ပြောလို့ မရသေးပါဘူး စစ်ဆေး နေတုန်း ဖြစ်တယ်”လို့ မြိတ်မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ ဦးစီးမှူး ဦးရန်ကင်းက ပြော သည်။

ဝါဇီဗျောက် ငါး အမျိုး အစားမှာ အကောင်ကြီး ဖြစ်ပြီး၊ ကမ်းဝေး၊ ကမ်းနီး ငါးဖမ်းရေယာဉ်များမှာ ဖမ်းဆီးခြင်း မရှိသည့် အပြင် ငါးဖမ်းပိုက် အတွင်း ပါရှိပါက ပင်လယ်ထဲသို့ ပြန်လည် လွှတ်ပေး လေ့ရှိပြီး ငါးလုပ်ငန်း ဦးစီးဌာနမှလည်း ဖမ်းဆီးခွင့် မပြုထားကြောင်း သိရ သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly