ဂါဇာတိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့၏ တပ်မှူး သေဆုံးဟု အစ္စရေး ထုတ်ပြန်

ဂါဇာတိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့၏ တပ်မှူး သေဆုံးဟု အစ္စရေး ထုတ်ပြန်

နိုဝင်ဘာ ၁၂ ။               ။ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့တစ်ခုဖြစ်သော Islamic Jihad အဖွဲ့၏ တပ်မှူးတစ်ဦးအား သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း အစ္စရေးတာဝန်ရှိသူများက နိုဝင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ပြောကြားသည်။

ယင်းနေ့ အစောပိုင်းတွင် အစ္စရေးစစ်တပ်က ဂါဇာ ကမ်းမြှောင်ဒေသရှိ အဆိုပါ စစ်သွေးကြွအဖွဲ့ တပ်မှူး၏ နေအိမ်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး သုတ်သင်ရှင်းလင်းနိုင်ခဲ့ခြင်းြဖစ်ကြောင်း  သိရသည်။

ပါလက်စတိုင်း စစ်သွေးကြွှအဖွဲ့ Islamic Jihad အဖွဲ့၏ တပ်မှူး အသက် ၄၂ နှစ်အရွယ် ဘာဟာ အဘူ အယ်လ် အက်တာ ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အစ္စရေးတို့က အတည်ပြုသည်။

တပ်မှူး အက်တာ သေဆုံးမှုကိုလည်း အဆိုပါ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့၏ တပ်ခွဲတစ်ခုကလည်း အတည်ပြုသွားသည်။ ယင်းတိုက်ခိုက်မှုတွင် အက်တာ၏ ဇနီးဖြစ်သူလည်း သေဆုံးခဲ့သည်ဟု သိရသည်။

ယခု သေဆုံးသွားသော အက်တာသည် ပြီးခဲ့သည့် ကာလများအတွင်း အစ္စရေးဘက်သို့ ဒုံးကျည်ပစ်လွှတ်တိုက်ခိုက်မှုများအတွက် တာဝန်ရှိသူဖြစ်ကြောင်း၊ နောက်ထပ်လည်း ထပ်မံ တိုက်ခိုက်ရန် စီစဉ်နေခဲ့သူဖြစ်ကြောင်း အစ္စရေးတို့က ပြောသည်။

ယင်းကဲ့သို့ အက်တာ သေဆုံးပြီးနောက် ဂါဇာကမ်းမြှောင်ဘက်မှ အစ္စရေးဘက်သို့ လက်တုန့်ပြန် ဒုံးကျည်ပစ်လွှတ်မှုများ ရှိခဲ့ကြောင်း ဂါဇာ ဒေသခံများက ပြောသည်။ သို့သော် ယင်း ဒုံးကျည်ပစ်လွှတ်မှုကြောင့် ထိခိုက်ပျက်စီး ဒဏ်ရာရမှု အခြေအနေကို ရှင်းရှင်းလင်းလင်း မသိရပေ။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly