ဟောင်ကောင်ဆန္ဒပြပွဲ အခြေအနေ ပိုမိုတင်းမာလာမှုအပေါ် စိုးရိမ်ကြောင်း အမေရိကန် ထုတ်ပြန်

ဟောင်ကောင်ဆန္ဒပြပွဲ အခြေအနေ ပိုမိုတင်းမာလာမှုအပေါ် စိုးရိမ်ကြောင်း အမေရိကန် ထုတ်ပြန်

နိုဝင်ဘာ ၁၂ ။           ။ ဟောင်ကောင်မှာ ဆန္ဒပြပွဲများနှင့်အတူ အခြေအနေ ပိုမိုတင်းမာလာသည့်အပေါ် လွန်စွာ စိုးရိမ်ပူပန်နေမိကြောင်း အမေရိကန်အစိုးရက နိုဝင်ဘာ ၁၁ ရက်တွင် ထုတ်ဖော်သွားခဲ့သည်။

ဆန္ဒပြပွဲများအတွင်း ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား အပြန်အလှန် ထိပ်တိုက်တွေ့ အကြမ်းဖက်မှုများ ရှိခဲ့ပြီးနောက် နှစ်ဘက်စလုံးအနေဖြင့် ထိန်းထိန်းသိမ်းသိမ်း လုပ်ကြရန် ဝါရှင်တန်က တောင်းဆိုသွားခဲ့သည်။

ယမန်နေ့က ဆန္ဒပြပွဲများအတွင်း ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုနှင့်အတူ အခြေအနေများက ပိုမိုတင်းမာလာနေခဲ့ခြင်း ဖြစ်သည်။

“ ဟောင်ကောင်မှာ ခုလက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အမေရိကန်တို့အနေနဲ့ စိုးရိမ်ပူပန်မှုနဲ့အတူ စောင့်ကြည့်နေရပါတယ်၊ ဘယ်ဘယ်ကပဲဖြစ်ဖြစ် အကြမ်းဖက်မှုတွေ မလုပ်ဖို့  တောင်းဆိုချင်ပါတယ်၊ ဒီလို အကြမ်းဖက်မှုမျိုးကိုလည်း ကျွန်မတို့ ပြစ်တင်ရှုတ်ချပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ပါဝင်သူ အားလုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ တောင်းဆိုပါတယ်” ဆိုပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်ဂန် အော်တာဂက်စ်က ပြောသွားသည်။

ဟောင်ကောင်တွင် သီတင်းပတ် ၂၄ ပတ်ဆက်တိုက် ဆန္ဒပြပွဲများ ပေါ်ပေါက်နေခဲ့ခြင်းဖြစ်ပြီး အပြန်အလှန် တိုက်ခိုက်မှုများနှင့်အတူ ဗရမ်းပတာ အခြေအနေများ ပေါ်ပေါက်နေလျက် ရှိသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly