ဆီးရီးယားအစိုးရတပ် ထိုးစစ်များကြောင့် အလီပိုမြို့မှ ပြည်သူပေါင်း ရ၀၀၀၀ ထွက်ပြေးရ

ဆီးရီးယားအစိုးရတပ် ထိုးစစ်များကြောင့် အလီပိုမြို့မှ ပြည်သူပေါင်း ရ၀၀၀၀ ထွက်ပြေးရ

ဆီးရီးယားနိုင်ငံတွင် သူပုန်များ ထိန်းချုပ်ထားရာ အလီပိုမြို့တောင်ပိုင်းနယ်မြေတွင် အစိုးရတပ်များ၏ ထိုးစစ်အတွင်း ထွက်ပြေးသူ ပြည်သူပေါင်းမှာ ပြီးခဲ့သည့် သုံးရက်အတွင်း အနည်းဆုံး ၇၀၀၀၀ ရှိကြောင်း တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

ဆီးရီးယားဆေးဝါးကူညီရေးယူနီယံမှ အကြီးအကဲဖြစ်သူ ဒေါက်တာ ဇိုင်ဒူအန်ဇိုယာဘီက ၎င်းရောက်ရှိသွားသည့် ကျေးရွာတစ်ချို့တွင် လူသူလုံးဝမရှိတော့ကြောင်း ဘီဘီစီသို့ ပြောသည်။

ခိုလှုံတဲစခန်းမရှိ ဆေးဝါးထောက်ပံ့မှုမရှိဘဲ နေနေရသူ ပြည်သူပေါင်းလည်း ထောင်ပေါင်းများစွာကို မြင်တွေ့ရကြောင်း ၎င်းက ပြောသည်။

ထိုးစစ်ကို အစိုးရက ရုရှ၏ လေကြောင်းပစ်ကူမှုဖြင့် ကုန်လွန်ခဲ့သည့် သီတင်းပတ်နှစ်တွင် စတင်ခဲ့ခြင်းဖြစ်သည်။

အိုင်အက်စ်အဖွဲ့မှ ဂျီဟတ်စစ်သွေးကြွများ မပါဝင်သည့် သူပုန်တပ်တိုက်ခိုက်ရေးသမားများက ယခုနှစ်အစောပိုင်းက မဟာဗျူဟာအရေးကြီးသော နယ်မြေများသို့ ထိုးဖောက်တိုက်ခိုက်လာခြင်းဖြစ်သည်။

ဆီးရီးယားပဋိပက္ခများတွင် အစိုးရ ရှုံးနိမ့်မှုအနေအထားကြောင့် စက်တင်ဘာလတွင် ရုရှက သမ္မတအာဆတ်ကို အင်အားထောက်ကူပြုရန် လေကြောင်းထိုးစစ်စတင်ခဲ့ခြင်းဖြစ်သကဲ့သို့ အီရန်ကလည်း စစ်ကူစေလွှတ်ပေးခဲ့သည်။

Ref ; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly