ဧရာဝတီတိုင်းဒေသကြီးတွင် စိုက်ဧကနှင့် စိုက်ပျိုးရေးဝန်ထမ်းမမျှတဖြစ်နေ

11 November 2019
ဧရာဝတီတိုင်းဒေသကြီးတွင် စိုက်ဧကနှင့် စိုက်ပျိုးရေးဝန်ထမ်းမမျှတဖြစ်နေ

ဧရာဝတီတိုင်းဒေသကြီးတွင် စိုက်ဧကနှင့် စိုက်ပျိုးရေးဝန်ထမ်းမမျှတဖြစ်နေ
**********************
ဧရာဝတီတိုင်းဒေသကြီးတွင် မိုးစပါးစိုက်ဧက ၃၇သိန်းကျော်နှင့် နွေစပါးစိုက်ဧက ၁၃သိန်း ကျာ်စိုက်ပျိုးသည့် တိုင်းဒေသကြီးဖြစ်ပြီး၊အခြားသီးနှံများလည်းစိုက်ပျိုးလျက်ရှိသည်။ စိုက်ပျိုးရေးဦးစီးဌာနတွင် ဝန်ထမ်း၆၀၀ကျော်ရှိပြီး ဝန်ထမ်းတစ်ဦးလျှင် ဧက၄၀၀၀မှ ဧက ၈၀၀၀အထိ ကိုင်တွယ်နေရကြောင်း ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဦးစိန်မောင်မြင့်ကပြောသည်။

“ဝန်ထမ်းတာဝန်ယူရတဲ့ ဧကနှင့်ပတ်သက်မယ်ဆိုရင်တော့ ဝန်ထမ်းဦးရေနှင့်စိုက်ဧကနဲ့တော်တော်လေးများတယ်၊ဝန်ထမ်းဖွဲ့စည်းပုံအပြည့်ကို ဌာနရဲ့ သဘောတရားအရ ၆၀ရာနှုန်းလောက်ပဲဖြည့်ပေးနိုင်ပါတယ်”ဟု ဒုတိယတိုင်းဦးစီးမှူး ဦးစိန်မောင်မြင့်ကပြောသည်။
ရိုက်ကူး - စည်သူမောင်မောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly