လူငယ်များ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရေး ဟိုတယ် သင်တန်း အခမဲ့သင်ကြားပေး

လူငယ်များ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရေး ဟိုတယ် သင်တန်း အခမဲ့သင်ကြားပေး

မြိတ်၊ နိုဝင်ဘာလ (၁၁) ။        ။ လူငယ်များ  အလုပ်အကိုင် အခွင့်အလမ်း ရရှိရေး အတွက် မြိတ်မြို့တွင် ဟိုတယ် သင်တန်း ဖွင့်လှစ် သင်ကြားပေး နေကြောင်း သိရသည်။

 
သင်တန်းကို စာတွေ့ လက်တွေ့ဖြင့် မြိတ်မြို့ပေါ်ရှိ ဟိုတယ်များတွင် သင်ကြား ပေးနေပြီး အဆိုပါ သင်တန်းကို ဆွစ်နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး ဖောင်ဒေးရှင်း (Swisscontact) ၊ ဆွစ်ဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (SDE) နှင့် အသက်မွေး ဝမ်းကျောင်း ကျွမ်းကျင်မှု အတတ်ပညာ ဖွံ့ဖြိုးမှု အစီအစဉ် (VSDP) တို့၏ ပံ့ပိုး အကူအညီ ဖြင့် ဖွင့်လှစ်သင်ကြားခြင်း ဖြစ်သည်။

 
မြိတ်မြို့ရှိ ဟိုတယ် ကဏ္ဍတွင် လူငယ်များ အတွက် အလုပ် အကိုင်များ ပိုမို ဖန်တီး ပေးနိုင်ရန် အတွက် VSDP ၏ မိတ်ဖက် ဟိုတယ်များ ဖြစ်သော မြင့်မိုရ် ဟိုတယ် ၊ ဂရင်းဂျိတ် ဟိုတယ်၊ Regent ဟိုတယ်များတွင် ဟိုတယ် ဧည့်ဝန်ဆောင်မှု ဆိုင်ရာ သင်တန်းများ ဖြစ်သည့် အိမ်ခန်းဆောင် ထိန်းသိမ်းရေး ဝန်ထမ်း အစား အသောက် တည်ခင်း ဧည့်ခံသူ  နှင့် ခရီးဦးကြိုဆိုသူ သင်တန်းများကိုပါ ဖွင့်လှစ်သင်ကြား ပေးနေခြင်း ဖြစ်သည်။


အဆိုပါ သင်တန်းကို အသက် (၁၈) နှစ်ပြည့်ပြီး အခြေခံ ပညာ အထက်တန်း အဆင့် နဝမတန်း အထိ တက်ရောက် အောင်မြင်သူ အမျိုးသမီး၊ အမျိုးသားများ တက်ရောက်နိုင်မည် ဖြစ်သည်။ သင်တန်းတက်ရောက် ပြီးစီးသူများကို အသိ အမှတ်ပြု သင်တန်းဆင်း လက်မှတ်များ ထုတ်ပေးသွားမည် ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly