ဟောင်ကောင်ဆန္ဒပြသူကို ရဲက သေနတ်ဖြင့် ပစ်

ဟောင်ကောင်ဆန္ဒပြသူကို ရဲက သေနတ်ဖြင့် ပစ်

နိုဝင်ဘာ ၁၁ ။          ။ ဟောင်ကောင်တွင် နိုဝင်ဘာ ၁၁ ရက် မနက်ခင်း ရုံးတက်ရုံးဆင်းချိန် ဖြစ်ပွားသော ဆန္ဒပြပွဲများအတွင်း ရဲက ဆန္ဒပြသူတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဆန္ဒပြသူတစ်ဦး ရင်ဘတ်တွင် သေနတ်ဒဏ်ရာထိမှန်သွားခဲ့သည်။

ထိုကဲ့သို့ ဟောင်ကောင်ရဲက မျက်နှာဖုံးစွပ် ဆန္ဒပြသူတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကို Facebook တွင် live လွှင့်ခဲ့သည့် ဗီဒီယိုတစ်ခုထဲကိုတွင် တွေ့ခဲ့ရသည်။

မနက်အစောပိုင်း ဖြစ်ပေါ်သည့် ဆန္ဒပြပွဲအတွင်း ရဲတစ်ဦးနှင့် ဆန္ဒပြသူများ ထိပ်တိုက်တွေ့စဉ် ယခုကဲ့သို့ ပစ်ခတ်မှု ဖြစ်ပွားသွားခြင်းဖြစ်သည်။

ထွက်ပေါ်လာသော ယင်းဗီဒီယိုထဲတွင် ဟောင်ကောင်ရဲတစ်ဦးက အနီးရှိ ဆန္ဒပြသူတစ်ဦးကို လုံးထွေးဖမ်းရန်ကြိုးပမ်းစဉ် ၎င်း၏ အနားကို ထပ်ကပ်လာသော အခြားမျက်နှာဖုံးစွပ် ဆန္ဒပြသူအမျိုးသားတစ်ဦးကို ပစ်ခတ်လိုက်သည်ကို တွေ့ခဲ့ရသည်။

ယင်းနောက် အဆိုပါ မျက်နှာဖုံးစွပ် ဆန္ဒပြသူအမျိုးသား သေနတ်ကျည်ထိမှန်လဲကျသွားသည်ကို တွေ့ခဲ့ရသည်။ နောက်ထပ် ကျည်နှစ်ချက် ပစ်ခတ်သံ ကြားခဲ့ရသော်လည်း ယင်းကျည်နှစ်ချက် မည်သည်ကို ထိမှန်သလဲ ဆိုသည်ကို ယင်းဗီဒီယိုထဲတွင် ရှင်းရှင်းလင်းလင်း မတွေ့ခဲ့ရပေ။ ယင်းနောက် ရဲများက မြေပြင်တွင် လဲနေသူနှစ်ဦးကို ဖမ်းချုပ်နေခဲ့သည်ကိုသာ တွေ့ခဲ့ရသည်။

ယင်း ပစ်ခတ်မှုဖြစ်စဉ်သည် ငါးလကျော်ကြာ ဒီမိုကရေစီ တောင်းဆိုသော ဆန္ဒပြပွဲများဖြင့် အကျပ်ဆိုက်နေသည့် ဟောင်ကောင်တွင် တင်းမာမှုများကို ထပ်တိုးအရှိန်မြင့်စေခဲ့သည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly