ဂျက်စတင်ဘီဘာနှင့် ဆလီနာဂိုမက်ဇ်တို့ နှစ်ယောက်တွဲ သီဆိုထားသော တေးသီချင်း သစ်ကြောင့် ပရိတ်သတ်များ အံအားသင့်ခဲ့

ဂျက်စတင်ဘီဘာနှင့် ဆလီနာဂိုမက်ဇ်တို့ နှစ်ယောက်တွဲ သီဆိုထားသော တေးသီချင်း သစ်ကြောင့် ပရိတ်သတ်များ အံအားသင့်ခဲ့

ဆယ်ကျော်သက်များ အသည်းစွဲအဆိုတော် ဂျက်စတင်ဘီဘာနှင့် ရည်စားဟောင်း ဆလီနာ ဂိုမက်ဇ်တို့ နှစ်ယောက်အတူ သီဆိုထားသော Strong တေးသီချင်းသစ် OVO Sound Radio အွန်လိုင်းတွင် အောက်တိုဘာ ၁၇ ရက်ညက ထွက်ပေါ်လာသောကြောင့် ပရိတ်သတ်များ အံ့အားသင့် ခဲ့ကြသည်။

Strong တေးသီချင်းသည် ဝေးကွာနေသော ဆက်ဆံရေးအကြောင်းကို ရေးဖွဲ့ထားသည့် အချစ်သီချင်းတစ်ပုဒ်ဖြစ်ပြီး နဝင်ဘာ ၁၃ ရက်တွင် ထွက်ရှိမည့် ဘီဘာ၏ တေးသီချင်း အယ်လ်ဘမ် သစ် Purpose တွင် ပါဝင်နိုင်မည်ဟု ကောလဟာလ သတင်းများ ထွက်ပေါ်လျက် ရှိသည်။

ဆလီနာသည် ၎င်း၏ ဒုတိယမြောက် တစ်ကိုယ်တော် တေးသီချင်းအယ်လ်ဘမ် Revival ကို ယခုလအစောပိုင်းက ထွက်ရှိခဲ့ပြီးနောက် ဘီဘာသည် Purpose တေးသီချင်း အယ်လ်ဘမ်သစ်ကို ထွက်ရှိသွားမည် ဖြစ်သည်။

သို့သော်လည်း Strong တေးသီချင်းကို ဘီဘာ၏ တေးသီချင်း အယ်လ် ဘမ်သစ်တွင် ပါဝင်ခြင်း ရှိမရှိနှင့် စပ်လျဉ်း၍ ယခုချိန်ထိ တရားဝင် ပြောကြားခြင်း မရှိသေးပေ။ “ဘီဘာ ပြန်လာမယ်ဆိုရင် ကျွန်မအနေနဲ့ တံခါးဖွင့်ထားဆဲပါ။ လူတွေက ကျွန်မတို့နှစ်ဦး ရဲ့ဆက်ဆံရေးနဲ့ ပတ်သက်လို့ ကျွန်မကို မိုက်မဲရူးသွပ်တဲ့ သူတစ်ယောက်လို့ ပြောနေတဲ့အချိန်မှာ ကျွန်မဒီလိုပြောရတာ ဘီဘာအပေါ် ထားရှိတဲ့ ကျွန်မရဲ့ခံစားချက်ပါ ”ဟု ဆလီနာက ယခုလအစော ပိုင်းက New York Times နှင့် ပြုလုပ်သော တွေ့ဆုံမေးမြန်ခန်းတွင် ဘီဘာနှင့် ပတ်သက်၍  ယခုကဲ့ သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့နှစ်ဦးဟာ ချစ်ခဲ့ကြတယ်။ ဒါ့အပြင် ဘာပြဿနာမှာ ဖြစ်ခဲ့တာ မရှိပါဘူး။ တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်း သိပါတယ်။ သူမရဲ့ ဖြစ်တည်မှုဟာ ကျွန်တော် ဖြစ်ခဲ့တယ်။ ကျွန်တော်ရဲ့ ဖြစ်တည်မှုဟာလည်း သူမ ဖြစ်ခဲ့တယ်”ဟု ဘီဘာက  မကြာသေးမီက Complex မဂ္ဂဇင်းနှင့် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်က ဘီဘာနှင့် ဆလီနာတို့ လမ်းခွဲခဲ့ကြပြီးနောက်ပိုင်း  Strong တေးသီချင်းသည်  နှစ်ယောက်တွဲ သီဆိုထားသည့် ပထမဆံုံး တေးသီချင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly