ကိုရီးယား ရိုးရာဝတ်စုံ သံတမန်အဖြစ် ခန့်အပ်ခံရတဲ့ ဟာဂျီဝန်

ကိုရီးယား ရိုးရာဝတ်စုံ သံတမန်အဖြစ် ခန့်အပ်ခံရတဲ့ ဟာဂျီဝန်

တောင်ကိုရီးယားနိုင်ငံတွင် နှစ်စဉ်ပြုလုပ်နေကျ ရိုးရာဝတ်စုံနေ့တွင် မင်းသမီး ဟာဂျီဝန်ကို ကိုရီးယား ရိုးရာဝတ်စုံ သံတမန်အဖြစ် ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန ၊  ကိုရီးယား ရိုးရာဝတ်စုံ တိုးတတ်ရေး စင်တာတို့က ခန့်အပ်ခဲ့သည်။

နှစ်စဉ် အောက်တိုဘာလတွင် ကျင်းပပြုလုပ်သည့် ကိုရီးယား ရိုးရာဝတ်စုံနေ့သည်  ရိုးရာ အဝတ်ထည်များ အရည်အသွေး မြှင့်တင်ရေးနှင့် ကိုရီးယား ရိုးရာဝတ်စုံလုပ်ငန်းကို မြှင့်တင်ရန် အတွက် ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။

“ဟာဂျီဝန်ဟာ Empress Gi နှင့် Hwang Jini ကဲ့သို့သော ပရိတ်သတ်များရဲ့ အားပေးမှုကို ရရှိခဲ့တဲ့ ဒရမ်မာဇာတ်ကားများတွင် ကိုရီးယား ရိုးရာဝတ်စုံအလှကို ပြသခဲ့တယ်။ ကိုရီးယား ရိုးရာဝတ် စုံဟာ အာရှနိုင်ငံတစ်ဝန်း လူကြိုက်များမှုကို ရရှိခဲ့တယ်” ဟု  အောက်တိုဘာ ၁၉ ရက်က ပြည်တွင်း မီဒီယာတစ်ခုနှင့် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင် တာဝန်ရှိသူတစ်ဦးက ဟာဂျီဝန်အား ကိုရီးယား ရိုးရာဝတ်စုံ သံတမန်အဖြစ် ခန့်အပ်ရခြင်းအကြောင်းကို ယခုကဲ့သို့ ရှင်းပြခဲ့သည်။

ဟာဂျီဝန်သည် အရောင်းမြှင့်တင်ရေး ဗီဒီယိုများနှင့် ဓာတ်ပုံများမှတစ်ဆင့် ကိုရီးယား ရိုးရာ ဝတ်စုံ အရောင်းမြှင့်တင်ရေးကို ပြုလုပ်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly