ပုံစံအသစ်နဲ့ ပြန်မြင်ရမယ့် ဖိုးသော်

10 November 2019
ပုံစံအသစ်နဲ့ ပြန်မြင်ရမယ့် ဖိုးသော်

ပုံစံအသစ်နဲ့ ပြန်မြင်ရမယ့် ဖိုးသော်

 **********************
မြန်မာပြည်က သိုင်းပေါင်းစုံ ကစားသမား  ဖိုးသော်ဟာ အောက်တိုဘာ ၁၃ ရက်နေ့က ဂျပန်နိုင်ငံ ၊ တိုကျိုမြို့မှာ ကျင်းပခဲ့တဲ့ စင်ကာပူ အခြေစိုက် ONE  ချိန်ပီယံရှစ် ကိုယ်ခံပညာ ပေါင်းစုံပြိုင်ပွဲတွင် ဖယ်သာဝိတ်တန်းက  ပြိုင်ဘက် တောင်ကိုရီးယား နိုင်ငံသား  Yoon Chang Min ကို ပထမအချီမှာပင် ရှုံးနိမ့်ခဲ့သည်။  အဆိုပါရှုံးပွဲအတွက် သင်ခန်းစာ ယူကာ ပိုကောင်းအောင် ကြိုးစား ပြင်ဆင်နေသည်ဟု  ဖိုးသော်က ပြောသည်။

“ ရှုံးတဲ့ပွဲကနေ အတွေ့အကြုံတွေ အများကြီးရတယ်။ အဲ့ပွဲကနေ အကြံဉာဏ်တွေလည်း ထွက်လာတယ်။ နောက်တစ်ကြိမ် ပြန်တွေ့တဲ့အခါ  ပွဲတွေမှ အရင်ပုံစံတွေနဲ့ တူမှာ မဟုတ်တော့ဘူး။ အဲ့တာတော့ ကျိန်းသေတယ်။ ကျနော် ဒီပွဲအတွက် အရမ်းကြီးပေးဆပ်ခဲ့တယ်။ အာရုံစိုက်ခဲ့တယ်။ ဒါပေမဲ့ ရှုံးသွားတဲ့အခါ (နောက်ဆုံးပွဲမှာ ) ကျနော်ပေးဆပ်မှု ၊ ကြိုးစားအားထုတ်မှုက  အများကြီးလိုသေးတယ်ဆိုတာ သိသွားတယ်။ ဒါကြောင့် ဒီထက်ပိုပြီး ကျနော် အများကြီး ပိုလုပ်ဖို့ အစီအစဉ်တွေ ဆွဲထားပါတယ်။   ကျနော် နောက်တစ်ကြိမ် နောက်ပွဲတွေ ပြန်တွေ့ရင် အပြောထက် အလုပ်နဲ့ သက်သေပြမယ်။ သေချာလေး ပိုကောင်းအောင် လုပ်သွားမယ်ဆိုပြီး ဆုံးဖြတ်ထားတယ်။ အဲ့တော့ အချိန်ကာလတစ်ခုကြာသွားရင် အားလုံး ပုံစံအသစ်နဲ့ ပြန်မြင် ရမယ်  “

ရိုက်ကူး/တည်းဖြတ်- နန့်ခိုင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly