ရုရှားတိရစ္ဆာန်ရုံတွင် ကျားနှင့် မိတ်ဆွေဖြစ်ပြီး အတူနေထိုင်ခဲ့သည့် ဆိတ်ကလေး သေဆုံး

ရုရှားတိရစ္ဆာန်ရုံတွင် ကျားနှင့် မိတ်ဆွေဖြစ်ပြီး အတူနေထိုင်ခဲ့သည့် ဆိတ်ကလေး သေဆုံး

နိုဝင်ဘာ ၉ ။           ။ ရုရှားနိုင်ငံက တိရစ္ဆာန်ရုံတစ်ခုမှာ ထူးထူးဆန်းဆန်း ကျားနှင့် မိတ်ဆွေဖွဲ့ပြီး ချစ်ခင်ရင်းနှီးစွာ အတူနေထိုင်ခဲ့သော တီမာ အမည်ရ ဆိတ္ကေလးသည် ယခုအခါ သေဆုံးသွားခဲ့ပြီဟု  အဆိုပါ တိရစ္ဆာန်နှစ်ကောင် အတူနေထိုင်သည့် ဆာဖာရီ ဥယျာဉ်၏ ဒါရိုက်တာဖြစ်သူက ပြောသည်။

“ တီမာ ရဲ့ နှလုံးခုန်မှုဟာ နိုဝင်ဘာ ၅ ရက်နေ့မှာပဲ ရပ်တန့်သွားခဲ့ပါပြီ” ဟု ဗလာဒီဗိုစတော့ခ် ဆိပ်ကမ်း အနီး ဆာဖာရီ ဥယျာဉ်တစ်ခု၏ ဒါရိုက်တာ ဒီမစ်ထရီ မီဇန်ဆက်ဗ်က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က ယင်းတိရစ္ဆာန်ရုံတွင် နေထိုင်သော ကျားကြီးကို အစာကျွေးရန်အတွက် ဆိတ်ကလေး တီမာကို ကျားလှောင်အိမ်ထဲ ထည့်ပေးခဲ့သော်လည်း ကျားႀကီးက ထူးဆန်းစွာ သတ်ဖြတ်စားသောက်ခြင်း မပြုဘဲ ဆိတ်ကလေး တီမာနှင့် မိတ်ဆွေဖြစ်ကာ တိရစ္ဆာန်နှစ်ကောင် တပူးတွဲတွဲ ချစ်ခင်စွာ နေထိုင်နေခဲ့ကြခြင်းဖြစ်သည်။

ယင်းအချိန်က လှောင်အိမ်ထဲ ဆိတ်ကလေးတီမာကို ထည့်ပေးလိုက်သော်လည်း ကျားကြီးက ထိတို့ခြင်း မပြုခဲ့သလို ဆိတ်ကလေးကလည်း ကြောက်ရွံ့နေခြင်း မရှိခဲ့ဘဲ နောက်ပိုင်း အရင်းနှီးဆုံး မိတ်ဆွေများအဖြစ် အတူနေထိုင်နေခဲ့ကြခြင်းဖြစ်သည်။

ထူးဆန်းစွာ ကျားနှင့် သူငယ်ချင်း ဖြစ်မှုကြောင့် လူအများ၏ စိတ်ဝင်စားခြင်းကို ခံခဲ့ရသည့် ဆိတ်ကလေးတီမာသည် နိုဝင်ဘာ ၅ ရက်က ပုံမှန်သဘာဝအတိုင်း နာမကျန်းဖြစ်ပြီး သေဆုံးသွားပြီဖြစ်ကြောင်း ဒီမစ္ထရီက ပြောသည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly