အိန္ဒိယ-ပါကစ္စတန်အကြား သမိုင်းဝင် နယ်စပ်စင်္ကြန်လမ်း ဖွင့်လှစ်

အိန္ဒိယ-ပါကစ္စတန်အကြား သမိုင်းဝင် နယ်စပ်စင်္ကြန်လမ်း ဖွင့်လှစ်

နိုဝင်ဘာ ၉ ။        ။ အိန္ဒိယနဲ့ ပါကစ္စတန်အကြား သမိုင်းဝင် နယ်စပ် စင်္ကြန်လမ်းတစ်ခုကို ဖွင့်လှစ်လိုက်ပြီဖြစ်သည့်အတွက် ရာနှင့်ချီသော အိန္ဒိယ Sikhs ဆစ်ခ်ဘာသာဝင်များသည် ပါကစ္စတန်ဘက်ကို သမိုင်းဝင် ဘုရားဖူး သွားရောက်နိုင်ပြီ ဖြစ်သည်။

အိန္ဒိယ လူနည်းစု ဆစ်ခ်ဘာသာဝင်များအနေဖြင့် အသစ် တည်ဆောက်ထားသော နယ်စပ်လမ်းတစ်ခုကို ဖြတ်သန်းပြီး ပါကစ္စတန်ဘက်ခြမ်းရှိ ၎င်းတို့၏ ဘာသာရေး ကိုးကွယ်ရာ ကျောင်းတစ်ကျောင်းကို သွားရောက်လည်ပတ်နိုင်မည်ဖြစ်သည်။

အဆိုပါ နယ်စပ်စင်္ကြန်လမ်း ဖွင့်မှုသည် အိန္ဒိယ-ပါကစ္စတန်အကြား သမိုင်းဝင် သဘောတူညီချက်မှုလည်းဖြစ်သည်။

အိန္ဒိယ ဆစ်ခ်ဘာသာဝင်များ ပါကစ္စတန်နိုင်ငံတွင်းရှိ  ဘာသာရေးကျောင်းသို့ လာရောက်လည်ပတ်နိုင်ရန်အတွက် ယခု နယ်စပ်လမ်းကို ဖွင့်လိုက်ခြင်း ဖြစ်ကာ ယင်းသည် နျူကလီးယားပိုင် ရန်ဘက် နိုင်ငံ နှစ်နိုင်ငံအကြား ရှားရှားပါးပါး ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်သည်။

ဆစ်ဘာသာ ထူထောင်သူ ဂုရု Nanak ၏ ဘုရားကျောင်း ရှိရာနေရာသို့ ပို့ဆောင်ပေးရန် ပါကစ္စတန်ဘက်ခြမ်းတွင်လည်း ဘတ်စ်ကားများအသင့် စောင့်ဆိုင်းနေခဲ့သည်ဟု သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly