ကြိုတင်မဲများဖြင့် ပြည်ပ သံရုံးများကို ဒုက္ခပေးမိတယ်လို့ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးပြော

ကြိုတင်မဲများဖြင့် ပြည်ပ သံရုံးများကို ဒုက္ခပေးမိတယ်လို့ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးပြော

ပြည်ပနိုင်ငံရှိ မြန်မာနိုင်ငံ သံရုံးများတွင် မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးရာတွင် ဆန္ဒမဲ လက်မှတ် မပြည့်စုံမှု၊ အလုံအလောက်မရမှု၊ မှားယွင်းမှုများ ဖြစ်ပေါ်ပြီးနောက် ကြိုတင်မဲများဖြင့် သံရုံးများကို ဒုက္ခပေးမိသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက 5 Plus News ရုပ်သံနှင့် မေးမြန်းမှုတွင် ဝန်ခံသွားခဲ့သည်။

“ကြိုတင်မဲက သံရုံးတွေကို ဒုက္ခပေးမိတယ်လို့ ကျနော် ခံယူပါတယ်။ သူတို့လည်း တတ်နိုင်သမျှ ကြိုးစားကြပါတယ်။ Workload နဲ့ သူတို့လည်း ဒုက္ခရောက်တာ တစ်ခုတည်းကို ကြီးကြီးထားတာ ပြဿနာ မရှိဘူး သေးသေးမွှားမွှား ဟိုဟာနည်းနည်း ဒီဟာနည်းနည်း ဟိုဟာနည်းနည်း ဒီဟာ နည်းနည်းနဲ့ အဲ့ဒါက ပိုရှုပ်တယ်” ဟု ဦးတင်အေးက ပြောသည်။

စင်္ကာပူ၊ မလေးရှား၊ ဗြိတိန်၊ ကိုရီးယား၊ ဂျပန် စသည့်နိုင်ငံများတွင် အောက်တိုဘာ ဒုတိယပတ်အတွင်း ကြိုတင်မဲများပေးစေရာ ဆန္ဒမဲ လက်မှတ် စုံစုံလင်လင်မရခြင်း၊ နေထိုင်သည့်နိုင်ငံ မှားယွင်းနေခြင်း၊ အမည်မပါခြင်း စသည့် မှားယွင်းမှုများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

“သူတို့မှာ Workload က တော်တော် များပါတယ် ကျနော်တို့က ရှင်းပါတယ် ဒီက ဘယ်နှမဲကွဆို ဟိုဘက်ကို ပုတ်ထုတ်လိုက်တာပဲ ဟိုဘက်က ခွဲတဲ့အခါ မပါသွားတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်” ဟု မှားယွင်းမှုများ ပေါ်ပေါက်ခဲ့သည့် ကြိုတင်မဲနှင့် ပတ်သက်၍ 5 Plus News ရုပ်သံနှင့် မေးမြန်းမှုတွင် ဖြေရှင်းခဲ့သည်။

“အတွေ့အကြုံကလည်း နည်းတယ် သံရုံးဘက်ကလည်း သိပ်ပြီးတော့ ပြဿနာ အဖြစ်မခံချင်ဘူး ထင်ပါတယ်။ သူတို့ စိတ်ထဲမှာ ကျနော့်ဆီကို မြန်မြန် ပြန်ရောက်ဖို့ စိတ်ကူူးရှိနေတယ် တကယ့် တကယ်ဆို နှစ်ပတ်ကျော် သုံးပတ်လောက် လိုပါသေးတယ် လုံလောက်ပါတယ်” ဟုလည်း ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly