လုပ်ခလစာသက်သာမှုကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့် ထိုင်းကုမ္ပဏီများ ပိုများလာ

လုပ်ခလစာသက်သာမှုကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့် ထိုင်းကုမ္ပဏီများ ပိုများလာ
ဓာတ်ပုံ - စိုးချစ်ချစ်ပိုင်

ရန်ကုန်၊ နိုဝင်ဘာ ၉။      ။ ဒေသတွင်းနိုင်ငံများထက် လုပ်ခလစာသက်သာမှုကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့် ထိုင်းကုမ္ပဏီများ ပိုမိုများပြားလာသည်ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောသည်။

“ထိုင်းနိုင်ငံအတွင်းမှာရှိနေတဲ့ လုပ်ငန်းတွေရဲ့ လုပ်ခလစာကြောင့် ကျွန်တော်တို့မြန်မာနိုင်ငံဘက်ကို ရွှေ့မယ်ဆိုပြီးတော့ လာဆွေးနွေးနေကြတာတွေရှိပါတယ်။ ဒီလိုပဲ တဖြည်းဖြည်း ဝင်လာတာတွေလဲ ရှိပါတယ်။ ထင်ရှားတဲ့ ဥပမာဆိုရင်Amata ဝင်လာပြီဖြစ်ပါတယ်။ သူရဲ့ရင်းနှီးမြှုပ်နှံမှုပမာဏက ကြီးပါ တယ်။ ”ဟု၎င်းကဆိုသည်။

ထိုင်းနိုင်ငံအခြေစိုက် Yangon Amata Smart and Eco Cityကုမ္ပဏီမှာ မြန်မာနိုင်ငံတွင် အမေရိကန် ဒေါ်လာ၂၇၄သန်းအထိ အများဆုံးဝင်ရောက်ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပြီး အသက်မွေးဝမ်းသင်တန်း ကျောင်းစင်တာစီမံကိန်းများကို ဆောင်ရွက်သွားမည် ဖြစ်သည်။

“Amata ရဲ့Industrial Park ကြီးရလာပြီဆိုတာနဲ့သူလုပ်မဲ့လုပ်ငန်းတွေတစ်ခါတည်း ခေါ်လာမှာ ဖြစ်ပါတယ်။ထိုင်းမှာလုပ်ခလစာများလို့ ရွှေ့ချင်တယ်ဆိုတဲ့လုပ်ငန်းမျိုးတွေကိုတစ်ခါတည်းခေါ်ပြီး ကျွန်တော်တို့ဆီကိုဝင်လာမှာဖြစ်ပါတယ်။ဘယ်ဟာက ဘယ်လောက်အသေးစိတ်လာ မယ်ဆိုတာ ကိုတော့အတိအကျစာရင်းပြုစုထားတာမရှိဘူး။ ဒါပေမဲ့လာဆွေးနွေးတာတွေကတော့ မော်တော်ကားနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေ ကျွန်တော်တို့ဆီကိုရွှေ့လာချင်ေနတယ်” ဟုဆိုသည်။

မြန်မာနိုင်ငံတွင် ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် အဆင့် (၃) နေရာ၌ ရပ်တည်နေပြီး ပြီးခဲ့သည့် စက်တင်ဘာလကုန်အထိ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ၁၁ဒသမ ၅ဘီလီယံ အထိဝင်ရောက်ထားပြီး ဖြစ်သည်။

မြန်မာနိုင်ငံတွင် အလုပ်သမားတစ်ဦး၏ လက်ရှိအနိမ့်ဆုံးလစာမှာ တစ်လလျှင် ပျဉ်းမျှ ကျပ်တစ်သိန်းခွဲ အောက်သာရှိသော်လည်း ထိုင်းနိုင်ငံ၏ အနိမ့်ဆုံးလုပ်ခလစာမှာ ၂၀၁၇ခုနှစ်မှာပင် ကျပ်၃သိန်နီးပါး ရှိနေသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required