ဘရာဇီးလက်ဝဲယိမ်းဝါဒီ သမ္မတဟောင်း လူလာ ထောင်မှလွတ်မြောက်

ဘရာဇီးလက်ဝဲယိမ်းဝါဒီ သမ္မတဟောင်း လူလာ ထောင်မှလွတ်မြောက်

နိုဝင်ဘာ ၉။     ။ ဘရာဇီးနိုင်ငံ၏ လက်ဝဲယိမ်းဝါဒီ သမ္မတဟောင်း လူလာသည် လာဘ်စားမှုဖြင့် စွပ်စွဲထောင်ချခံရပြီး တစ်နှစ်ခွဲအကြာ နိုဝင်ဘာ ၈ ရက်က ပြန်လည်လွတ်မြောက်ခဲ့သည်။ အနက်ရောင် ဝတ်စုံဝတ်ဆင်ထား သည့် သမ္မတဟောင်းလူလာသည် ကူရီချီဘာမြို့တောင်ပိုင်းရှိ ရဲဌာနချုပ်မှ ထွက်လာစဉ် ထောက်ခံသူလူအုပ်ကြီးနှင့် သတင်းထောက်များဖြင့်  ကြိတ်ကြိတ်တိုးနေခဲ့သည်။

လူလာသည် ဆင်းရဲသားပြည်သူများအတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း၊ လက်ရှိ လက်ယာယိမ်းဝါဒီ သမ္မတ ဂျာဘိုဆိုနာရို၏ စီးပွားရေးမူဝါဒများကို ရှုတ်ချကြောင်း မိန့်ခွန်းထဲတွင် ပြောကြားခဲ့သည်။

ပြည်သူများသည် အလုပ်လက်မဲ့ဖြစ်ကာ ပိုမိုငတ်မွတ်ခေါင်းပါးလာကြောင်း၊ Uber အတွက် အလုပ်လုပ်ပေးရ၊ စက်ဘီးဖြင့်ပီဇာလိုက်ပို့ရနှင့် အသက်မွေးဝမ်းကျောင်းပြုနေရဟုပြောကြားစဉ် လူများက မီးရှူးမီးပန်းများ ဖောက်၍ အော်ဟစ်ကာ ဩဘာပေးခဲ့ကြသည်။

ပထမတစ်ကြိမ် အယူခံရှုံးနိမ့်ထားသည့် ရာဇဝတ်သားများအား ထောင်ကျစေမည့် ဆုံးဖြတ်ချက်ကို ပြန်လည် ပယ်ဖျက်ရန် ဘရာဇီးတရားရုံးချုပ်က နိုဝင်ဘာ ၇ ရက်တွင် မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် လူလာ ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။  

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly