နပိုလီယံဘိုနာပတ် စီးခဲ့သည့်ဖိနပ် လေလံမတင်ခင် ပြသ

နပိုလီယံဘိုနာပတ် စီးခဲ့သည့်ဖိနပ် လေလံမတင်ခင် ပြသ

နိုဝင်ဘာ ၈။        ။ နပိုလီယံဘိုနာပတ် စိန့်ဟယ်လီနာကျွန်းသို့ ပြည်နှင်ဒဏ်ပေးခံရစဉ်က စီးခဲ့သည့် ဘွတ်ဖိနပ်ကို နိုဝင်ဘာလနှောင်းပိုင်းတွင် လေလံတင်ရောင်းချမည်ဖြစ်သည်။

ဆိုဒ်အရွယ်အစား ၄၀ (ဗြိတိန်အတိုင်းအတာ ၇) ဆိုတာကို နပိုလီယံမြင်းစီးရုပ် ထုလုပ်သည့် ပန်းပုဆရာတစ်ယောက်အား ဗိုလ်ချုပ်ကြီး ဟင်နရီက ပေးခဲ့ခြင်းဖြစ်သည်။  ၁၈၁၅ ခုနှစ်မှာ ဝါတာလူးစစ်ပွဲ၌ ရှုံးနိမ့်ပြီးနောက် ဗိုလ်ချုပ်ကြီး ဟင်နရီ ဂါတီယန်  ဘာထရန်သည် ပြင်သစ်ခေါင်းဆောင် နပိုလီယံနဲ့အတူ ဝေးလံသည့် တောင်အတ္တလန္တိတ်ကျွန်းဆီသို့ လိုက်ပါခဲ့သူဖြစ်သည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၉ ရက်၌ ဒိုးရို့ လေလံခန်းမမှာ ရောင်းချမည့် ၎င်းဖိနပ်သည် ပေါင် ၅၀၀၀၀ ကနေ ၈၀၀၀၀ ကြား ရလိမ့်မည်ဟု မျှော်မှန်းထားသည်။

ထိုဖိနပ်သည် ပန်းပုဆရာ ကာလို မာရိုချက်တီ၏ သားက ပြင်သစ်နိုင်ငံရေးသမား ပေါလီဟူး ထံသို့ လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ ပေါလီဟူးသည် နပိုလီယံ၏တူ အုပ်ချုပ်သည့်ကာလ၌ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။  လက်ဆောင်ရကတည်းက ၎င်းတို့မိသားစုမှ ဖိနပ်ကို ထိန်းသိမ်းထားခဲ့ကြကြောင်း လေလံတင်သူများကဆိုသည်။

နပိုလီယံသည် ဖိနပ်များစွာကိုစုဆောင်းခဲ့သူဖြစ်ပြီး ထိုဖိနပ်သည် မွန်းမာတာမြို့ရှိ ပြင်သစ်လူမျိုး ဖိနပ်လုပ်သူ ယော့ခ်ဆိုသူထံမှ ဝယ်ခဲ့ခြင်းဖြစ်သည်။ ဗြိတိန်မှ ဝါဒဖြန့်သူများက နပိုလီယံပုံကို အာဏာရှင်လူအသေးလေး အဖြစ် ရုပ်ပြောင်ဆွဲခဲ့ကြသော်လည်း အရပ်အမောင်း ၅ ပေ ၂ လက်မခန့်ရှိပြီး ထိုခေတ်အချိန်အခါက ပျမ်းမျှအရပ်၏ အထက်မှာရှိသည်။

ဗိုလ်ချုပ်ကြီး ဘာထရန်သည် ၁၈၂၁ ခုနှစ်တွင် သူ၏ခေါင်းဆောင် နပိုလီယံဆုံးပြီးနောက် ပြင်သစ်သို့ပြန်လာခဲ့သည်။ နပိုလီယန်သည် ဗြိတိသျှထောင်မှူးများ၏ အဆိပ်ခတ်ခြင်း ခံခဲ့ရလားဆိုသည်ကို ပြင်သစ်လူမျိုးများက သံသယရှိနေဆဲဖြစ်သည်။  ။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly