ပြင်သစ်အသင်းအတွက် ဘန်ဇီးမား ကစားသင့်တယ် - ဇီဒန်း

ပြင်သစ်အသင်းအတွက် ဘန်ဇီးမား ကစားသင့်တယ် - ဇီဒန်း
Photos: EPA

နည်းပြ ဇီဒန်းက ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး  ဘန်ဇီးမားဟာ ပြင်သစ်အသင်းအတွက် ပြန်လည်ခေါ်ယူဖို့ ထိုက်တန်တယ်လို့ ပြောကြားလိုက်ပါတယ်။

ပြင်သစ်အသင်းရဲ့ လူစာရင်းကို ကြာသပတေးနေ့က ကြေညာခဲ့ရာမှာ ဘန်ဇီးမားဟာ လက်ရွေးစင်အသင်းမှာ ဆက်လက် ချန်လှပ်ခံရပြီးနောက် ဇီဒန်းက အခုလို ပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။

ဘန်ဇီးမားဟာ ပြင်သစ်လက်ရွေးစင်ဖော်ဟောင်း ဗော်ဘူနာပါဝင်တဲ့ လိင်ပိုင်းဆိုရာ ဗီဒီယိုဖိုင်တစ်ခုနဲ့ ဆက်စပ်ပြီး ငွေညှစ်ဖို့ ကြိုးပမ်းမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုခံရခဲ့ချိန်ဖြစ်တဲ့ ၂၀၁၅ ခုနှစ်ကတည်းက ပြင်သစ်အသင်းအတွက် ပါဝင်ကစားခွင့် မရခဲ့သူဖြစ်ပါတယ်။

နည်းပြ ဒက်စ်ချမ့်က ပြီးခဲ့တဲ့နှစ်က ကမ္ဘာ့ဖလားကို ဘန်ဇီးမား မပါဘဲ ရယူပြပြီးနောက် ပြင်သစ်အသင်းလူစာရင်းမှာ ခေါ်ယူအသုံးမပြုဘဲ ဆက်လက် ချန်လှပ်ခဲ့တာလည်းဖြစ်ပါတယ်။

"သူက ပြင်သစ်အတွက် အမြဲတမ်း ကစားချင်တယ်။"လို့ ပြင်သစ်အသင်းအတွက် (၁၀၈)ပွဲ ကစားခဲ့ပြီး နိုင်ငံရဲ့ အကြီးကျယ်ဆုံး ကစားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံရတဲ့ ဇီဒန်းက ပြောပါတယ်။

"ရိုးရိုးသားသားပြောရရင် ဘာတွေဖြစ်နေတယ်ဆိုတာ အတိအကျ မသိပေမယ့် ဘောလုံးရှုထောင့်က ကြည့်ရင် သူဟာ အကောင်းဆုံးကစားသမားပါ။ သူဟာ လက်ရွေးစင်အသင်းမှာ နေရာတစ်နေရာ ကျိန်းသေ ရသင့်တယ်လို့ ထင်တယ်။

"ဒါဟာ ဒီမှာရှိတဲ့ ကျနော့် နေရာအနေအထားထက် ကျော်လွန်နေပါတယ်။ ဒါပေမယ့် ဘောလုံးသမားတစ်ယောက်အနေနဲ့တော့ ငြင်းခုံစရာ မရှိပါဘူး။"

ဘန်ဇီးမားဟာ ဒီရာသီမှာ ရီးယဲလ်အသင်းအတွက် ခြေစွမ်းကောင်းတွေ ပြသနေပြီး (၁၄)ပွဲကစားရာမှာ (၉)ဂိုး သွင်းယူထားသူဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly