၂၀၂၀ရွေးကောက်ပွဲတွင် လူမှုကွန်ရက်မှ ဝေဖန်တိုက်ခိုက်မှုများအပေါ် Facebook သို့တိုင်ကြားနိုင်

၂၀၂၀ရွေးကောက်ပွဲတွင် လူမှုကွန်ရက်မှ ဝေဖန်တိုက်ခိုက်မှုများအပေါ် Facebook သို့တိုင်ကြားနိုင်
ဓာတ်ပုံ - နန့်ခိုင်

ရန်ကုန်၊ နိုဝင်ဘာ ၉ ။          ။ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် လူမှုကွန်ရက်၌ အကောင့်အတုများအသုံးပြုကာ  တိုက်ခိုက်မှုများ ဖြစ်လာနိုင်မှုအပေါ် ပါတီများအားလုံးက စောင့်ကြည့်စစ်ဆေး၍  Facebook သို့ Report လုပ်နိုင်ကြောင်း DIPD ၏ Technical Advisor Michael Siegner က အကြုံပြုပြောဆိုလိုက်သည်။

“ဒီ Workshop  မှာ ပါတီတွေ အချင်းချင်းဆွေးနွေးနိုင်တယ်။ သူတို့ချင်း ဘုံတူညီတဲ့ စိန်ခေါ်မှုတွေ ဆွေးနွေး ဖလှယ်နိုင်တယ်။နောက်ပြီးတော့ အလွဲအမှားဖော်ပြတာ ၊ အမုန်းစကားတွေက ဆိုရှယ်မီဒီယာFacebook မှာ ရှိလာရင် ဘယ်လိုReport ထုရမလဲ။ ကိုယ်ရေးကိုယ်တာ တိုက်ခိုက်တာ ဘယ်လိုတိုင်ရမလဲ။ အဲ့ဒါကို ပထမ တစ်ရက်မှာ Facebook  အဖွဲ့က လာတယ်။ သူတို့ကို တိုက်ရိုက်မေးလို့ရတယ်။ ဥပမာ အမုန်းစကား( Hate Speech)ဆိုတာ ဘယ်လိုသွင်ပြင်လက္ခဏာ ရှိလဲ ဆိုတာ ပြောပြသွားတယ်။ နောက်နေ့တော့ပါတီအတွင်း ဘယ်လို့တုံပြန်နိုင်မလဲ ဆွေးနွေးတယ်”ဟု DIPD  အဖွဲ့က Technical Advisor Michael Siegner က ပြောသည်။

ပါတီများနှင့် ဒီမိုကရေစီဆိုင်ရာဒိန်းမတ် အင်စတီကျူ  ( DIPD )သည် EU အထောက်အပံ့ဖြင့် ဆောင်ရွက်နေ သည့် ရှေ့သို့ မြန်မာစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် လူမှုကွန်ရက်အား နိုင်ငံရေးမဲဆွယ်စည်းရုံးမှုများတွင် အသုံးပြုခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ ၊ ဆူးလေရှန်ဂရီဟိုတယ်တွင် နိုဝင်ဘာ ၆ရက်မှ ၈ရက် အထိ ၃ ရက်ကြာ ကျင်းပခဲ့သည်။

“ဘယ်လို့စံနှုန်းတွေနဲ့ Facebook Account ၊Facebook Page တွေကို ဖျက်မလဲ ။Facebook အဖွဲ့က ပြော တာတော့ ဘယ်အကောင့်တွေပိတ်မယ် မပိတ်ဘူးဆိုတာ ကုမ္ပဏီက ဆုံးဖြတ်ဖို့ အစိုးရက ဆုံးဖြတ်ဖို့ မသင့် တော်ဘူး။တစ်ချိန်တည်းမှ  Facebook Page ဆိုရှယ်မီဒီယာတွေကို ကျင့်ဝတ်နဲ့ အညီသုံးဖို့ အရေးကြီးတယ်။ ဒါဟာ ရွေးကောက်ပွဲမှာသက်ရောက်မှု ရှိမယ်။ အဲ့တာတွေဆွေးနွေးတယ်။ ပါတီတွေအားလုံးက စောင့်ကြည့် စစ်ဆေးပြီး ဘယ်အကောင့်က အတု၊ ဘယ် Page  တွေက အတုဆိုတာ  Facebook  ကို Report လုပ်ပါ။ Facebook  ကလည်း ဒီလိုတိုင်လာရင် ပြန်သုံးသပ်ဖို့ အခွင့်အရေးရှိတယ်။ အဲ့လိုလုပ်ဖို့  ဆွေးနွေးဖြစ်ပါတယ်” ဟု DIPD  အဖွဲ့က Technical Advisor Michael Siegner က ဆက်ပြောသည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် လူမှုကွန်ရက်သည် ရွေးကောက်ပွဲအတွက် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လာဖွယ်ရှိနေပြီး နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆန္ဒရှင်များနှင့် စဉ်ဆက်မပြတ် ချိတ်ဆက်နိုင်ရေး၊ မဲဆွယ်သတင်းစကားများကို ဖြန့်ဝေနိုင်ရေးနှင့် လူထုထောက်ခံမှုကို ရယူနိုင်ရေးအတွက် လူမှုကွန်ရက်ကို အသုံးပြုလာကြရန် ယခုဆွေးနွေးပွဲကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

“ ဆိုရှယ်မီဒီယာကို ပါတီတွေကလည်း သုံးတယ်။ Stakeholder အတွက်လည်း အရေးကြီးပါတယ်။ ဆိုရှယ် မီဒီယာသုံးပြီး မဲဆန္ဒရှယ်တွေနဲ့ ထိတွေ့ရမယ်။ ဒီကိစ္စကို ပါတီတွေကလည်း တာဝန်သိသိဆိုရှယ်မီဒီယာကို သုံးနိုင်ဖို့ လိုတယ်” ဟု Michael Siegner က ပြောသည်။

ဆွေးနွေးပွဲသို့  NLD  ၊ SNLD ၊ ALD  ၊ ပြည်ခိုင်ဖြိုး အပါအဝင် တိုင်းရင်းသားပါတီ  ၂၆ ပါတီ ၊ ကိုယ်စားလှယ် ပေါင်း ၅၆ဦးခန့် တက်ရောက်ခဲ့ပြီး  ဖေစ်ဘွတ်စ်ကုမ္ပဏီနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly