နောင်လာနောက်သားများ အကြွေးပင်လယ်မနစ်စေဖို့အတွက် နိုင်ငံတကာချေးငွေများကို သတိထားကြရန် တပ်ကိုယ်စားလှယ်ပြော

08 November 2019
နောင်လာနောက်သားများ အကြွေးပင်လယ်မနစ်စေဖို့အတွက် နိုင်ငံတကာချေးငွေများကို သတိထားကြရန် တပ်ကိုယ်စားလှယ်ပြော

နိုင်ငံတကာချေးငွေ ချေးယူမယ့် အစိုးရရဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး နောင်လာနောက်သားတွေ အကြွေး ပင်လယ်မှာ နစ်မြှုပ်မယ့် အခြေအနေမျိုး မရောက်ရအောင် သတိပြုဖို့လိုတယ်လို့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်က ထောက်ပြလိုက်ပါတယ်။ ပညာရေးဝန်ကြီးဌာနက သုံးစွဲမယ့် လူတိုင်းအကျုံးဝင် ပညာရေးအစီအစဉ်အတွက် ကမ္ဘာ့ဘဏ်ရဲ့ အပြည်ပြည် ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့(IDA)ဆီကနေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးယူမယ့် အစိုးရရဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး နိုဝင်ဘာလ ၈ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဗိုလ်မှူးနိုင်မြင့်က အခုလို ထောက်ပြဆွေးနွေးခဲ့တာပါ။ ဒီချေးငွေနဲ့ စီမံကိန်းကို ၂၀၁၉-၂၀၂ဝဘဏ္ဍာနှစ်ကနေ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ထိ ငါးနှစ်ကြာ ဆောင်ရွက် သွားမှာဖြစ်ပြီးတော့ ချေးငွေပြန်ဆပ်ကာလကို နှစ်ပေါင်း ၃၀ နဲ့ အတိုးနှုန်း တစ်နှစ်ကို တစ်ဒသမနှစ်ငါး ရာခိုင်နှုန်းနဲ့ပေးရမှာဖြစ်တယ်လို့သိရပါတယ်။ ရိုက်ကူး၊ တည်းဖြတ်- အောင်မြတ်သူ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required