ငြိမ်း-စု-စီ ပုဒ်မ-၁၈ ဖြင့်ဖမ်းဆီးခံထားရသူ(၅)ဦး ကိုယ်ပိုင်ခံဝန်ဖြင့်လွှတ်

ငြိမ်း-စု-စီ ပုဒ်မ-၁၈ ဖြင့်ဖမ်းဆီးခံထားရသူ(၅)ဦး ကိုယ်ပိုင်ခံဝန်ဖြင့်လွှတ်

အောက်တိုဘာလ (၁၈) ရက်နေ့က NCA ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးခြင်း ကိစ္စအပါအဝင်၊ ကရင်ပြည်နယ်၊ ဘားအံမြို့၊ တောင်က လးအကျဉ်းထောင် တွင်းမှ ပုဒ်မ ၁၇/ငဖြင့် အမှုရင်ဆိုင်နေရသည့် ၈၈ကရင် မျိုးဆက်ကျောင်းသားအစည်းအရုံးဥက္ကဌ စောမောင်ကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအား အမြန်ဆုံးလွတ်မြောက်ရေးအတွက် ထောက်ကြံ့ မြို့နယ်မှ ရန်ကုန်-ပဲခူးလမ်းမကြီးအတိုင်းချီတက် ကာနေပြည်တော်ရှိ သမ္မတအိမ်တော်အထိခရီးဆက်မည့် ၈၈ကရင် မျိုးဆက်ကျောင်းသားအစည်းအရုံးအဖွဲ့ ခေါင်းဆောင်ဒေါ် နန်းမေခမ်း(၃၈နှစ်)၊ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံမနန်းမေရီ (၂၃နှစ်) ၊စောမျိုးဆိုင်း(၃၅နှစ်)၊ စောအထွန်း(၆၅နှစ်) နှင့်စောဒေဝ(၃၀နှစ်) တို့အားယနေ့ အောက်တိုဘာလ (၁၉)ရက်နေ့၊ညနေ၅နာရီ၊ ၃၀မိနစ်တွင်မြို့နယ်တရားသူရုံးမှကိုယ်ပိုင် ခံဝန်ဖြင့်လွှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
 
စောဒီးဒီးမှာ(၂၀နှစ်)သည်ဝှီးချဲစီးလာသူဖြစ်သဖြင့်ဖမ်းဆီးခံရခြင်းမရှိပါ။ ၎င်းအမှုအား မနက်ဖြန် အောက်တိုဘာလ(၂၀)ရက်နေ့သို့ချိန်းဆိုလိုက်ပါသည်။
 
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags