တရားမျှတနေ့စဉ်ဘ၀ အနုပညာပြပွဲ ပန်းချီ

08 November 2019
တရားမျှတနေ့စဉ်ဘ၀ အနုပညာပြပွဲ ပန်းချီ

တရားမျှတနေ့စဉ်ဘ၀ အနုပညာပြပွဲ ပန်းချီ | ရုပ်ရှင် | ဇာတ်လမ်း နေ့ရက် - နိုဝင်ဘာလ ၁၆ ရက်နေ့မှ ၃၀ ရက်နေ့အထိ၊ ၂၀၁၉ ခုနှစ် အချိန် - နံနက် ၁၀ နာရီမှ ည ၇ နာရီအထိ နေရာ - Old Tourist Burma အဆောက်အဦ (မဟာဗန္ဓုလပန်းခြံနှင့် မျက်နှာချင်းဆိုင်) အမှတ် ၇၇ - ၉၁ ၊ ဆူးလေဘုရားလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့် ၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဝင်ကြေးအခမဲ့ "မြန်မာနိုင်ငံတွင် တရားမျှတမှုကို ဘယ်လိုမြင်ပါသလဲ? ဥရောပသမဂ္ဂမှ ရန်ပုံငွေပံ့ပိုးပြီး ဗြိတိသျှကောင်စီမှ မိတ်ဖက်အဖွဲ့ ၅၀ကျော်နှင့်အတူ လက်တွဲအကောင်အထည်ဖော် ဆောင်ရွက်သော MyJustice စီမံကိန်း ၄-နှစ်ပြည့်အထိမ်းအမှတ်အနေနှင့် တရားမျှတ နေ့စဉ်ဘ၀ အနုပညာပြပွဲကို ရန်ကုန်မြို့ Old Tourist Burma Building (မြန်မာအဆွေကုမ္ပဏီ အဆောက်အဦ) တွင် ပြသသွားမည်ဖြစ်ပါသည်။ တရားမျှတမှု၏ ဖွင့်ဆိုချက်နှင့်တစ်ဦးချင်း၏ အခန်းကဏ္ဍကို ဖော်ညွန်းသော ပန်းချီ၊ ရုပ်ရှင်၊ ဇာတ်လမ်းများကို တင်ဆက်သွားပါမည်။ Platform နှင့် Bridge မှရိုက်ကူးသော လူထုတွင်းမှ တရားမျှတမှုအကြောင်း ဇာတ်လမ်းတို၊ Tea Animationနှင့် Bridge တို့ မှ ဖန်တီးသော အမျိုးသမီးနှင့်တရားမျှတမှုဆိုင်ရာဖြစ်ရပ်မှန် အယ်နီမေးရှင်းဇာတ်လမ်းတို၊ Thet Htoo | Thi Ha Zaw| Aung Kyaw Kyaw တို့၏ ဓါတ်ပုံများ လည်းပြသသွားမည်ဖြစ်ပါသည်။ Myanm/art မှစုစည်းပြသပြီး Bridge မှ ပြပွဲဒီဇိုင်းကို တာဝန်ယူသည်။ ဝင်ကြေးအခမဲ့ဖြစ်သည်။ နှစ်ပတ်ကြာ တင်ဆက်မည့် ဤပြပွဲ၏ တင်ဆက်မှု အသေးစိတ်များကို My Justice ဖေ့စ်ဘုတ်ပေ့ချ် www.facebook.com/myjusticemyanmar/ တွင် ကြည့်ရှုနိုင်ပါသည်။ MyJustice စီမံကိန်းသည် မြန်မာနိုင်ငံရပ်ရွာလူထု အတွက် အမှုအခင်း၊ အငြင်းပွားမှုများကို သာတူညီမျှစွာ ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ပံ့ပိုးပေးနိုင်ရန် ကူညီဆောင်ရွက်ပေးသည့် အဖွဲ့ဖြစ်သည်။ ရပ်ရွာအခြေပြုအဖွဲ့များနှင့်လက်တွဲကာ ဝင်ငွေနည်းပြီး တရားမျှတမှုကို လက်လှမ်းမီနိုင်စွမ်းနည်းသူများအတွက် အမှုအခင်း/အငြင်းပွားမှုကို တရားမျှတစွာ ဖြေရှင်းနိုင်မည့် နည်းလမ်းများ ရေရှည်တည်တံ့နိုင်ရေးအတွက် ဆောင်ရွက်သည်။ ပန်းချီ | ရုပ်ရှင် | ဇာတ်လမ်း အနုပညာပြပွဲ ၊ ဝင်ကြေးအခမဲ့ ၊ သူငယ်ချင်း မိတ်ဆွေများနှင့် လာရောက်ကြည့်ရှုနိုင်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly