ဦးဝှေ့တင်းအတွက် စိတ်ပူတယ်ဟု ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြော

08 November 2019
ဦးဝှေ့တင်းအတွက် စိတ်ပူတယ်ဟု ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြော

ကျွန်တော်တို့ကလွှတ်တော်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်တော့ လွှတ်တော်မှာတာဝန်ရှိတာပေါ့။ အဲ့တော့ အဖက်ဖက်ကစဉ်းစားရပါတယ်။ သူ့ရဲ့တာဝန်တွေကိုစဉ်းစားရသလို၊သူ့ရဲ့လုံခြုံရေးကိုလည်းစဉ်းစားရပါတယ်။ ဒီလိုစဉ်းစားတဲ့အခါကျတော့ ကျွန်တော်တို့ဖက်က တစ်ခုခုအမှားအယွင်းဖြစ်သွားလို့ သူ့အတွက်အန္တရာယ်ဖြစ်သွားမှာလည်းစိုးရိမ်ပါတယ်။ ကျွန်တော်တို့က အမြဲတမ်းအချိန်နဲ့အမျှ အမြဲစောင့်ကြည့်နေပါတယ်။ သူ့ရဲ့အန္တရာယ် ဆုံးရှုံးလို့ရှိရင် သူနဲ့သက်ဆိုင်တဲ့ မြို့သူမြို့သား၊ မဲဆန္ဒရှင်တွေရဲ့ အကျိုးကိုလည်းကျွန်တော်တို့အမြဲစဉ်းစားပါတယ်။ အဖက်ဖက်ကိုစဉ်းစားပါတယ်။ ကျွန်တော်တို့က ဥပဒေရှိတဲ့အဖွဲ့အစည်းပါ။ ဥပဒေထဲမှာနေရတဲ့အဖွဲ့အစည်းပါ။ AA ကို ကျွန်တော်တို့ ဘယ်လိုသွားပြောလို့ဖြစ်မှာလဲ။ ကျွန်တော်တို့ကိုယ်တိုင်က ချိုးဖောက်လို့မရပါဘူး။ ကျွန်တော်တို့သေချာစောင့်ကြည့်နေပါတယ်။ သူ့ရဲ့အန္တရာယ်ကိုလည်းပူပါတယ်။ အလေးထားပြီး ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ဘက်က အမှားအယွင်းကြောင့် တစ်ခုခုဖြစ်သွားမှာကို ကျွန်တော်တို့စိုးရိမ်ပါတယ်။ သတင်းအပြည့်စုံ - http://www.mizzimaburmese.com/article... ရိုက်ကူး- အောင်မြတ်သူ တည်းဖြတ် - ဝေမင်းဟန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required