ဦးစံမင်းအောင်အမှု ၂၀၂၀ လောက်မှ ပြီးနိုင်မည်ဟုဆို

08 November 2019
ဦးစံမင်းအောင်အမှု ၂၀၂၀ လောက်မှ ပြီးနိုင်မည်ဟုဆို

တိုင်းလွှတ်တော်တွင် အသုံးပြုရန်အတွက် မော်တော်ယာဉ် ၅ စီး ဝယ်ယူမှုနှင့် ပတ်သက်ပြီး တရားစွဲဆိုခံထား ရသောဒုတိယအကြိမ်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌဟောင်းဦးစံမင်းအောင်၏အမှုသည်၂၀၂၀လောက်မှသာအပြီးသတ်နိုင်မည်ဟုဦးစံမင်းအောင်ဘက်မှလိုက်ပါဆောင်ရွက်ပေးနေသောတရားလွှတ်တော်ရှေနေ့ဦးခင်မောင်ဦးက ပြောသည်။ ဦးစံမင်းအောင်ကိုတိုင်းဒေသကြီးလွှတ်တော်မှဒုတိယညွန်ကြားရေးမှူးဦးဇော်မင်းထွန်းက ရာဇသတ်ကြီးပုဒ်မ၄၀၉ဖြင့်တရားလိုပြုတရားစွဲထားခြင်းဖြစ်ပြီးနိုဝင်ဘာလရရက်နေ့တွင်တိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦးအားပုသိမ်မြို့နယ်တရားရုံးတွင် စတင်စစ်ဆေးခဲ့သည်။ “အခုက စုံစမ်းစစ်ဆေးတဲ့ကာလပဲရှိသေးတယ်။ တရားလိုဘက်ကတော့ အလွဲသုံးလုပ်တာနဲ့ ပတ်သက်ပြီး သက်သေပြနေတာပေါ့။ ဖြေရှင်းရတဲ့အပိုင်းရောက်မလာသေးဘူး။ အရင် လျာထားတဲ့အချိန်နဲ့တော့ မမီ နိုင်တော့ဘူး။၂၀၂၀လောက်ထဲမှာတော့ပြီးမှာပါ”ဟုတရားခံဘက်မှလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေနေ့ဦးခင်မောင်ဦးက ပြောသည်။ အဆိုပါအမှုကို ဆက်လက်စစ်ဆေးရန်အတွက် နိုဝင်ဘာလ ၁၅ရက်နေ့ သို့ပြန်လည်ချိန်းဆိုခဲ့သည်။ ရိုက်ကူး - စည်သူမောင်မောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly