မရမ်းခြံဆိပ်ကမ်း အဆင့်မြင့်တင်ရန် လုပ်ငန်းများဖယ်ရှားခိုင်း ခြင်းကြောင့် ကုန်တင်ကုန်ချ အဆင် မပြေ ဖြစ်ပေါ်နေ

မရမ်းခြံဆိပ်ကမ်း အဆင့်မြင့်တင်ရန် လုပ်ငန်းများဖယ်ရှားခိုင်း ခြင်းကြောင့် ကုန်တင်ကုန်ချ အဆင် မပြေ ဖြစ်ပေါ်နေ
ဓာတ်ပုံ - ထက်မြတ်

မန္တလေး၊ နိုဝင်ဘာ ၈။        ။ မန္တလေးမြို့၊ဧရာဝတီမြစ်ဘေးရှိ မရမ်းခြံဆိပ်ကမ်းအား အဆင့်မြင့်တင်ရန်ရှိသောကြောင့် လုပ်ငန်းများ ကို ဖယ်ရှားခိုင်းသဖြင့် ကုန်တင်ကုန်ချလုပ်ငန်းများ အဆင်မပြေ ဖြစ်ပေါ်နေကြောင်း ရွှေ့ပြောင်းရမည့် လုပ်ငန်းရှင်များထံက သိရသည်။

“ကုန်တင်ကုန်ချလုပ်ရတာအခက်အခြဲဖစ်တယ်။ ကုန်သည်ပွဲစားတွေရော အဆင်မပြေကြဘူး။ တစ်စီး ပြီးမှ တစ်စီးကပ်ရတာအဆင်မပြေဘူး။ ကုန်တင်ကုန်ချအတွက် ၈၅ပေ ထဲပေးတဲ့အတွက် ကုန်တင် လှေက ပေ ၂၀၀ လောက်ရှိတာ ရပ်ရတာဘယ်လိုမှ အဆင်မပြေဘူး” ဟု ဆိပ်ကမ်းကုန်ပို့ ကိုယ်စားလှယ် ဒေါ်မြင့်မြင့်မူကပြော သည်။

ထိုသို့ ရွှေ့ပြောင်းခိုင်းခြင်းအတွက် စောဒကတက်ရန်မရှိသော်လည်း လုပ်ငန်းလုပ်ကိုင်ရန်အတွက် နေရာလုံလောက်စွာ ပေးစေလိုကြောင်း၊ နေရာလုံလောက်စွာမပေးသဖြင့် လုပ်ငန်းလုပ်ကိုင်ရာတွင် အဆင်မြေပဖြစ်ကာ အခြေခံလုပ် သားများမှာ နေ့စဉ်ဝင်ငွေများလျော့ကျလာပြီး ရေရှည်တွင် အဆင် မပြေမှုများဖြစ်ပေါ်လာတော့မည်ဖြစ်သည်ဟု ရွှေ့ပြောင်းသူလုပ်ငန်းရှင်များထံက သိရသည်။

“ကျွန်တော်တို့ တစ်ဦးကို အရင် ပေ ၁၀၀လောက်ရတယ်၊ ဒီဘက်မှာ ပေ ၅၀လောက်ပဲရတယ်။ နေရာ အခက် အခဲတွေတွေ့တယ်။ အဲဒီအတွက် အလုပ်လုပ်ရတာမှာအဆင်မပြေပါဘူး။ မော်တော်များဟာ ဟိုဘက်မှာတင် သလိုလည်းတင်လို့မရပါဘူး” ဟု ဇောတိကသဲထုတ်လုပ် လုပ်ငန်းလုပ်ကိုင်နေသည့် ဦးမျိုးကိုကပြောသည်။

ဆိပ်ကမ်းအဆင့်မြင့်တင်ရန်အတွက် မရမ်းခြံဆိပ်ကမ်းတွင် အလုပ်လုပ်ကိုင်နေသောသူများအား အောက်တိုဘာလအတွင်းက ရွှေ့ပြောင်းရန်အတွက် စာထုတ်ထားရှိပြီး သဲလုပ်ငန်းများအား ချော်ဆိပ်၊ ဝါးလုပ်ငန်းများအား ၁၉လမ်း View Point မြောက်ဘက်ခြမ်း၊ ကုန်တင်ကုန်ချ လုပ်ငန်း များအား ရွှေကြက်ယက်ဆိပ်ကမ်း စသည့်နေရာများ နေရာချပေးထားကြောင်း ဆိပ်ကမ်းနေရာ ချထားပေးရေး ကော်မတီ၊ ဥက္ကဋ္ဌ ဦးဇော်ဇော်အောင်(တိုင်းဒေ သကြီးလွှတ်တော်ကိုယ်စားလှယ် မဟာအောင်မြေမြို့နယ် မဲဆန္ဒနယ်အမှတ်၂)ကပြောသည်။

“ရွှေ့ပြောင်းဖို့အတွက်တော့ စာထုတ်ထားရှိပြီးဖြစ်ပါတယ်။ ဆိပ်ကမ်းနေရာတွေကလည်း လာရောက် လေ့လာတဲ့သူတွေအတွက် အမြင်မသင့်တော်တဲ့အတွက် အဆင်မြင့်တင်ခြင်း လုပ်ငန်းတွေကို လုပ်ဆောင်မှာဖြစ်ပါတယ်။ နိုင်ငံတော်စီမံကိန်းအနေနဲ့လုပ်တာဖြစ်တဲ့အတွက် မဖြစ်မနေ ဖယ်ပေး ရမှာဖြစ်ပါတယ်။ မဖယ်ပေးရင်တော့ ဥပဒေအရရေးယူသွားမှာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

ယခုအဆင့်မြင့်တင်မည့် မရမ်းခြံဆိပ်ကမ်းအား နယ်သာလန်နိုင်ငံမှ Royal Haskoing Consultant Co.,Ltd မှ Master Plan ရေးဆွဲပြီးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်လုပ်ဆောင်မည့် စီမံကိန်းဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly