သြစတြေးလျတွင် မကြုံစဖူး များပြားသည့် တောမီးများ တပြိုင်နက်တည်း လောင်ကျွမ်းနေ

သြစတြေးလျတွင် မကြုံစဖူး များပြားသည့် တောမီးများ တပြိုင်နက်တည်း လောင်ကျွမ်းနေ

နိုဝင်ဘာ ၈။        ။ သြစတြေးလျနိုင်ငံ အရှေ့ပိုင်းတစ်ခွင်တွင် ဒါဇင်ပေါင်းများစွာသော တောမီးများ လောင်ကျွမ်းနေလျက် ရှိကြောင်း၊ လက်ရှိတွင် ထိန်းချုပ်မရ ဖြစ်နေသည့် အခြေအနေမျိုး ဖြစ်ကြောင်း အာဏာပိုင်များက ထုတ်ပြန်ပြောကြားသည်။

တောမီးများကြောင့် ယင်းနိုင်ငံ၏ ပစိဖိတ်ကမ်းရိုးတန်း မြို့ကြီးများအကြား ဆက်သွယ်ထားသော အဓိက အမြန်လမ်းမကြီးတစ်ခုကိုလည်း ပိတ်ထားရပြီး ဒေသခံများအနေဖြင့်လည်း ယင်းဧရိယာများမှ ရှောင်တိမ်းရန် အခက်ကြုံနေရလျက်ရှိသည်။

နယူးဆောက်ဝေး ပြည်နယ် ကျေးလက်ဒေသတွင် တောမီးပေါင်း ၉၀ ကျော် လောင်ကျွမ်းနေခဲ့ပြီး ယင်းတို့အနက် ၅၀ ခန့်ကို ယခုအချိန်အထိ ထိန်းချုပ်မရဘဲဖြစ်နေကြောင်း၊ ယင်းတောမီးများက ဟက်တာပေါင်း ထောင်ပေါင်းများစွာကို ထိခိုက်ပျက်စီးစေခဲ့ပြီဖြစ်ကြောင်း သိရသည်။

“ခုလောက်ထိ များပြားတဲ့ တောမီးတွေ တပြိုင်နက်တည်း လောင်တာမျိုး အရင်က တစ်ခါမှ မကြုံခဲ့ဘူးပါဘူး၊ ခုဟာက အရေးပေါ် သတိပေးချက် ထုတ်ရတဲ့ လယ်ဗယ်ပါ” ဆိုပြီး နယူးဆောက်ဝေး ပြည်နယ် ကျေးလက် မီးသတ်ဌာန ကော်မရှင်နာ ရှိန်း ဖစ်ဇ်ဆင်မွန်စ်က ပြောသည်။

ဧရိယာတစ်ချို့တွင် ဒေသခံများအနေဖြင့် ရှောင်ခွာထွက်ပြေးရန် အချိန်နှောင်းသွားပြီဖြစ်သဖြင့် ၎င်းတို့ကို တောမီးဘေးမှ မည်ကဲ့သို့ လွတ်အောင် ကြိုးပမ်းရမည်ဆိုသည်ကို အာဏာပိုင်များက လမ်းညွန်မှုများ လုပ်ပေးနေရလျက် ရှိကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly