လန်ဒန်သို့တရားမဝင် ဝင်ရောက်စဉ် သေဆုံးခဲ့သည့် ဗီယက်နမ်နိုင်ငံသား ၃၉ ဦး၏ ရုပ်အလောင်းကို နေရပ် ပြန်ပို့ရန်စီစဉ်

လန်ဒန်သို့တရားမဝင် ဝင်ရောက်စဉ် သေဆုံးခဲ့သည့် ဗီယက်နမ်နိုင်ငံသား ၃၉ ဦး၏ ရုပ်အလောင်းကို နေရပ် ပြန်ပို့ရန်စီစဉ်

နိုဝင်ဘာ ၈ ။         ။ ပြီးခဲ့သည့်လက လန်ဒန်မြို့အနီးမှာတွေ့ရသည့် ကုန်တင်ကား တစ်စီးထဲမှာ သေဆုံးသွားကြသူ အားလုံးသည်  ဗီယက်နမ်နိုင်ငံသားဖြစ်ကြောင်း အတည်ပြုပြီးနောက် ယခုအခါမှာတော့ ရုပ်အလောင်း ၃၉ လောင်းကို နေရပ် ကို အမြန်ပြန်ပို့နိုင်ရေး ဗီယက်နမ်အစိုးရ ကိုယ်စားလှယ်အဖွဲ့က စီစဉ်နေကြောင်း လန်ဒန်အခြေစိုက် ဗီယက်နမ် သံရုံးက နိုဝင်ဘာ ၇ ရက်မှာ ပြောသည်။

သေဆုံးသူများတွင် အမျိုးသား ၃၁ ဦးနှင့် အမျိုးသမီး ၈ ဦးပါဝင်သည်။

ထိုဖြစ်ရပ်သည် ဗီယက်နမ်ပြည်သူများအတွက် များစွာ စိတ်မကောင်းဖြစ်စေပြီး ရုပ်အလောင်းများကို နေရပ်သို့ ပြန်ပို့ပေးမည် ဖြစ်ကြောင်း ဗီယက်နမ်ဝန်ကြီးချုပ် ငုရင်ရွှမ်ဖို့က သေဆုံးသူများ၏ မိသားစုများထံသို့ ပေးပို့သော ဝမ်းနည်းကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

သေဆုံးသူများ အားလုံးသည် ဗီယက်နမ် လူမျိုးများဖြစ်ကြောင်း အတည်ပြုခဲ့ပြီး မိသားစုဝင်များထံသို့လည်း အကြောင်းကြား ထားပြီးဖြစ်ကြောင်း အက်ဆက်(Essex)မြို့ရဲစခန်းမှ ရဲအရာရှိက ဆိုသည်။

သေဆုံးသူတစ်ဦး၏ ဖခင်ဖြစ်သည့် ငုရင်ဒင်ဂျီယာ ပြောရာမှာတော့ တာဝန်ရှိသူများက သူ့ဆီ ဖုန်းဆက်ပြီး သူ့သားဟုတ်/မဟုတ် အတည်ပြုပေးရန် လှမ်းမေးခဲ့ကြောင်း ပြောသည်။

ယခုချိန်မှာတော့ သူ့သား၏ ရုပ်အလောင်းကို ပြန်လည် သယ်ဆောင်လာပေးရန်ကိုပဲ မျှောျလငျ့ကွောငျး ၎င်းငျးက ဆိုသညျ။

သေဆုံးသွားသည့် ဗီယက်နမ် နိုင်ငံသားများသည် ဗြိတိန်တွင် အလုပ်လုပ်ရန် တရားမဝင် ဝင်ရောက်လာသူ များဖြစ်ပြီး လန်ဒန်မြို့အနီး အက်ဆက်မြို့ တစ်နေရာက ကုန်တင်ကား တစ်စီးထဲမှာ ၂၀၁၉ ခုနှစ်၊ အောက်တို ဘာ ၂၃ ရက်နေ့က သေဆုံးလျက် တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

ထို သေဆုံးခဲ့သူများကို ပွဲစားများက ရုရှားနှင့် ဥရောပနိုင်ငံများသို့ အန္တရာယ်များသော လမ်းခရီးများမှ တရား မဝင် ပို့ဆောင်ပေးခဲ့ကြစဉ် ယခုလို သေဆုံးခဲ့ကြရခြင်းဖြစ်သည်။ ဗီယက်နမ်လူမျိုးအများစုသည်  ပွဲစားခ ပြန် ဆပ်ရန်နှင့် အိမ်ကို ထောက်ပံ့ရန် အလှပြင်ဆိုင်များနှင့် ဆေးခြောက် စိုက်ခင်းများတွင် အလုပ်လုပ်ကြခြင်း ဖြစ် သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly