တည်သီးလေးရဲ့ အံမခန်းအာနိသင်

တည်သီးလေးရဲ့ အံမခန်းအာနိသင်

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

စားလိုက်ရင် ချိုချိုကြွပ်ကြွပ်လေးနဲ့ အရသာလေးလေးပင်ပင်ရှိတဲ့ တည်သီးကို ကြိုက်တတ်တဲ့သူတစ်ဦးဆိုရင်တော့ အခုလိုအကျိုးကျေးဇူးလေးတွေ ရရှိစေမယ်ဆိုတာ ပြောနေစရာတောင်မလိုအောင်ပါနော်။ လိမ္မော်ရောင်တောက်တောက်လေးနဲ့ အညှာတံ စိမ်းစိမ်းလေး ဒါမှမဟုတ် ခပ်ညိုညို အရောင်လေးကြောင့် မျက်စိထဲမှာ စွဲဆောင်မှုရှိတဲ့ တည်သီးလေးက ခန္ဓာကိုယ်အတွက် ဘယ်လိုများ အထောက်အကူပြုပေးနိုင်လဲဆိုတာကို တူတူဖတ်ကြည့်ရအောင်လား….
တည်သီးကနေရမယ့် အာဟာရ

တည်သီးမှာ

  •     ကာဗိုဟိုက်ဒရိတ်
  •     အမျှင်ဓာတ်
  •     သကြားဓာတ်
  •     ဗီတာမင် A
  •     ဗီတာမင် E
  •     ဗီတာမင် B
  •     ဗီတာမင် K
  •     ဗီတာမင် C
  •     သံဓာတ်
  •     ပိုတက်ဆီယမ်
  •     ဆိုဒီယမ်
  •     ဖောလိတ်
  •     ကိုလင်း
  •     မဂ္ဂနီဆီယမ်
  •     ရေဓာတ် တို့ပါဝင်နေပါတယ်။

တည်သီးစားရင်းရမယ့် ကျန်းမာရေးအကျိုးကျေးဇူး

တည်သီးချိုချိုလေးက

ဝိတ်ကျစေတယ်

အရွယ်တော် တည်သီးတစ်လုံးမှာ ကာဗိုဟိုက်ဒရိတ်က ၃၁ ၈ရမ်သာပါဝင်တာဖြစ်ပြီး ခန္ဓာကိုယ်ကို အဆီတက်စေတာမျိုး လုံးဝမဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဝိတ်ချချင်တာကြောင့် ဘာသီးစားလို့ စားရမှန်းမသိဘူးဆိုရင် တည်သီးလေးစားပြီး ဝိတ်ချပေးပါ။

phytochemicals ကြွယ်ဝတယ်

တည်သီးမှာ catechins နဲ့ polyphenolic antioxidant တို့လိုမျိုး နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပြီး ကူးစက်ရောဂါပိုးတွေကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်တဲ့ phytochemicals တွေပါဝင်နေတာကြောင့် ကူးစက်ရောဂါပိုးကြောင့်ဖြစ်တဲ့ ရောဂါတွေကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။

လိပ်ခေါင်းမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်

တည်သီးမှာ လိပ်ခေါင်းကာကွယ်ပေးတဲ့ အာနိသင်ရှိုပြီး လိပ်ခေါင်းကြောင့် စအိုမျ သွေးကျတာကိုလည်း သက်သာစေနိုင်ပါတယ်။ ကာကွယ်ဖို့ရော ကုသဖို့ပါ စားပေးသင့်ပါတယ်။
အစာခြေစနစ်ကို ကျန်းမာစေတယ်

အမျှင်ဓာတ်ကြွယ်ဝမှုက အစာခြေစနစ်ကို အထောက်အကူပြုပေးပါတယ်။ အူနံရံတွေကို အာဟာရစုပ်ယူမှုကောင်းစေသလို ဝမ်းမှန်စေနိုင်ပါတယ်။ အူမကြီးကင်ဆာမဖြစ်အောင်လည်း ကာကွယ်ပေးပြီး ဝမ်းပျက်ဝမ်းလျှောမဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။

ဆီးချိုအတွက် ကောင်းတယ်
တည်သီးက ချိုတယ်ဆိုပေမယ့် ဆီးချိုရှိသူတွေနဲ့ သင့်တော်ပါတယ်။ အဆာခံနိုင်စေပြီး သွေးတွင်းသကြားဓာတ်မတက်အောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။
သွေးတိုးသက်သာစေတယ်
ဆိုဒီယမ်ပါဝင်မှုများတဲ့ အစားအစာတွေကို စားသုံးတာက သေါးတိုးဖြစ်စေရတဲ့ အဓိကအကြောင်းအရင်းပါ။ တည်သိးမှာတော့ ဆိုဒီယမ်ပါဝင်မှုနည်းသလို ပိုတက်ဆီယမ်ပါဝင်မှုက သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။

ကိုယ်ခံအားကောင်းစေတယ်
ဗီတာမင် C ပါဝင်မှုက ကိုယ်ခံအားကို အကောင်းဆုံးမြှင့်တင်ပေးပါတယ်။  အအေးမိဖျားနာ၊ တုပ်ကွေးစတာတွေကနေကာကွယ်ဖို့ဖြစ်ဖြစ် ပန်းနာရင်ကြပ်၊တီဘီတို့လိုမျိုးရောဂါတွေကို ခုခံတိုက်ထုတ်ဖို့ပဲဖြစ်ဖြစ် တည်သီးကို စားလို့ရပါတယ်။

ကင်ဆာသက်သာစေတယ်

ကင်ဆာဝေဒနာခံစားနေရသူတွေအနေနဲ့လည်း ကင်ဆာဆဲလ်တွေကို တိုက်ထုတ်ဖို့နဲ့ ထပ်ပွားမလာစေဖို့အတွက် ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတဲ့ တည်သိးကို စားပေးလို့ရပါတယ်။ ကင်ဆာကာကွယ်ဖို့လည်း စားပေးလို့ရပါတယ်။

အမြင်အာရုံကောင်းစေတယ်

ဗီတာမင် A ကြွယ်ဝစွာပါဝင်နေတဲ့ တည်သီးက အမြင်အာရုံကို အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။

သွေးအားကောင်းစေတယ်

ကော့ပါးပါဝင်နေတာကြောင့် သံဓာတ်စုပ်ယူမှုအားကောင်းစေပြီး  သွေးနီဥဆဲလ်တွေကိုဖြစ်ပေါ်စေပါတယ်။ သွေးအားနည်းရောဂါမဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးပါတယ်။

ကြို့ထိုးတာကို သက်သာစေနိုင်ပါတယ်

ကြို့ထိုးသက်သာချင်သူတွေအနေနဲ့လည်း တည်သီး စားပေးလို့ရပါတယ်။

အသည်းကျန်းမာစေနိုင်တယ်

ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝနေတာကြောင့်  ကိုယ်တွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားပေးပြီး ဆဲလ်တွေထိခိုက်ပျက်စီးမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အသည်းကိုထိခိုက်စေတဲ့ အဆိပ်အတောက်တွေကိုလည်း အကောင်းဆုံး ဖယ်ရှားပေးနိုင်ပါတယ်။

ကိုယ်တွင်းက ပိုလျှံနေတဲ့ ရေတွေကိုဖယ်ရှားပေးနိုင်တယ်

တည်သီးက ဆီးရွှင်စေနိုင်ပြီး ကျောက်ကပ်မှာပိုနေတဲ့ အရည်တွေ နဲ့ အရေပြားအောက်မှာခိုအောင်းနေတဲ့ ရေပိုတွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ ပိုလျှံနေတဲ့ရေတွေကိုသာ ဆီးကနေတဆင့်ဖယ်ရှားပေးတာဖြစ်ပြီး ကိုယ်တွင်းကသတ္တုဓာတ်တွေကို လျော့ကျစေတာမျိုးတော့မရှိပါဘူး။

အင်အားပြည့်စေတယ်

ပိုတက်ဆီယမ် နဲ့ သကြားဓာတ်ပါဝင်နေမှုက ခန္ဓာကိုယ်ကိုအကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ခြေကုန်လက်ပမ်းကျတာ၊ ပင်ပန်းနွမ်းနယ်တာမျိုး မဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly