ရပ်ဝန်းနှင့်လမ်းအစီအစဉ် (BRI) ကို တရုတ်အစိုးရအနေဖြင့် ထိရောက်စွာထိန်းချုပ်ရန် စိန်ခေါ်မှုရှိနေဟုဆို

ရပ်ဝန်းနှင့်လမ်းအစီအစဉ် (BRI) ကို တရုတ်အစိုးရအနေဖြင့် ထိရောက်စွာထိန်းချုပ်ရန် စိန်ခေါ်မှုရှိနေဟုဆို

နိုဝင်ဘာ ၇ ၊ ရန်ကုန် ။      ။ တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက် စီမံကိန်းကြီးတစ်ခုဖြစ်သည့် ရပ်ဝန်းနှင့် လမ်းအစီအစဉ် (BRI) လုပ်ငန်းစဉ် များအပေါ် တရုတ်အစိုးရအနေဖြင့်  ထိရောက်စွာ ထိန်းချုပ်နိုင်ရန် စိန်ခေါ်မှုများ ရှိနေကြောင်း နယ်သာလန်အခြေစိုက် သုတေသနအဖွဲ့အစည်း တစ်ခုဖြစ်သည့် Transnational Institute (TNI )က ထုတ်ပြန်သည့် အစီရင်ခံစာတွင်  ဖော်ပြထားသည်။

ကျယ်ပြန့်သည့် မှုဘောင်နှင့် များပြားသည့် လုပ်ငန်းစဉ်၊စီမံကိန်းများကြောင့် တရုတ်အစိုးရအနေဖြင့် ထိရောက်စွာ ကိုင်တွယ်နိုင်ရန်အတွက် စိန်ခေါ်မှုများ ရှိနေခြင်းဖြစ်ကြောင်းTransnational Institute (TNI )က နိုဝင်ဘာရ ရက်နေ့က ထုတ်ပြန်သည့် ပိုးလမ်းမစိတ်ဓာတ်ကို စျေးကွက်တင်ခြင်း - မြန်မာနိုင်ငံရှိ တရုတ် နိုင်ငံ၏ ခါးပတ်လမ်းစီမံကိန်း အစီရင်ခံစာတွင် ဖော်ပြထားခြင်းဖြစ်သည်။

 “ တရုတ်အစိုးရအတွက် အရမ်းခက်ပါတယ်။ လုပ်ငန်းပေါင်းများစွာ ဘယ်လုပ်ငန်းကိုမဆို BRI လို့ ခေါင်းစဉ်တပ်လို့ရတယ်။ ဘယ်နယ်ပယ် ကဏ္ဍမဆို BRI လို့ပေါင်းထည့်လိုက်လို့ရတဲ့အခါမှာ တရုတ်အစိုးရ အနေနဲ့လည်း  စီမံအုပ်ချုပ်ဖို့ ဘယ်လိုမှမဖြစ်နိုင်တော့တဲ့ အခြေအနေမျိုးရှိတယ်။ ဒါကြောင့် သက်ဆိုင်ရာ အိမ်ရှင် နိုင်ငံတွေ အနေနဲ့ BRI စီမံကိန်း တစ်ခုချင်းစီအလိုက် သေချာလေ့လာဆန်းစစ် သုံးသပ်ပြီးမှလုပ်ဖို့ ပြည်သူ၊ ပြည်သားတွေ၊ ကိုယ်လူမျိုးတွေအတွက် အကျိုးရှိမရှိ ဆန်းစစ်ပြီးမှ သဘောတူခွင့်ပြုချက်တွေ ပြုဖို့ ကျွန်မတို့ အနေနဲ့ကြည့်တာဖြစ်ပါတယ်။ လုပ်ငန်းအားလုံးစုပြီးလုပ်ထားတဲ့ မှုဘောင်တစ်ခုဖြစ်တဲ့အတွက် တရုတ်အစိုးရ ကိုယ်တိုင်ကလဲ မထိန်းချုပ်နိုင်ဘူး။ မစောင့်ကြည့်နိုင်ပါဘူး။စိန်ေခါ်မှုရှိနေတယ်” ဟု Transnational Institute (TNI ) ၏ Planning and Evaluation Coordinator Mis Stephanie Olinga- Shannon က ပြောသည်။

မည့်သည့်နေရာတွင် ဖော်ဆောင်သည့် ဘယ်လုပ်ငန်းကိုမဆို BRI မှုဘောင်အောက်သို့ထည့်သွင်းပြီး၊ BRI စီမံကိန်းအဖြစ် သတ်မှတ်နိုင်သောကြောင့် တရုတ်နိုင်ငံ၏ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများနှင့်ပြည်နယ်အစိုးရများအေနဖြင့်လည်း စီးပွားရေးဖွံ့ဖြိုးမှု နှင့် အကျိုးအမြတ်ပိုရရှိနိုင်ရေးအတွက် ၎င်းတို့၏ စီမံကိန်းများကို BRI ခေါင်းစဉ်ဖြင့်  မြင့်တင်ရန် ကြိုးပမ်းနေကြကြောင်း အစီရင်ခံစာတွင် ပါရှိသည်။

 မြန်မာအစိုးရ အနေဖြင့်လည်း BRI နှင့်ပက်သက်ပြီး သတိထား ကိုယ်တွယ် နေသည်ကို တွေ့ရှိရ ကြောင်းနှင့် ကမ္ဘာနိုင်ငံအသီးသီးတွင်လည်း လူထုမကြိုက်ပါက ပယ်ဖျက်ရသည့် BRI စီမံကိန်းများစွာရှိနေကြောင်းလည်း  အစီရင်ခံ စာတါင် ဖော်ပြထားသည်။

 BRI စီမံကိန်းနှင့် ပတ်သက်ပြီး အိမ်ရှင်နိုင်ငံများက ဆန္ဒရှိလျှင် ဖျက်နိုင်သည့်အတွက် မြန်မာ အစိုးရအနေနှင့်လည်း စီမံကိန်း တစ်ခုချင်းစီအလိုက် ချဉ်းကပ်ရာတွင်  အမျိုးသားအကျိုးစီးပွားကို တွက်ချက်ပြီး ကျယ်ကျယ်ပြန့်ပြန်လေ့လာ ဆန်းစစ်ပြီးမှသာ ခွင့်ပြုသင့်ကြောင်း  အစီရင်ခံစာက အကြံပြုထားသည်။

BRI စီမံကိန်းမှာ ကုန်သွယ်ရေးကို မြှင့်တင်ရေးအတွက် ဥရောပ၊ ဗဟိုအာရှ၊ အရှေ့အလယ်ပိုင်း နှင့် ရုရှားတို့ကို ဖြတ်သန်းပြီး အခြေခံအဆောက်အအုံကွန်ယက် တည်ဆောက်မည့် စီမံကိန်းတစ်ခုဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly