ဆယ်ကျော်သက် လူငယ်များ အွန်လိုင်းဂိမ်းကစားမှုအပေါ် ပိတ်ပင်မိန့် တရုတ်အစိုးရ ထုတ်

ဆယ်ကျော်သက် လူငယ်များ အွန်လိုင်းဂိမ်းကစားမှုအပေါ် ပိတ်ပင်မိန့် တရုတ်အစိုးရ ထုတ်
The new rules will also require all gamers to use a real-name registration and details such a WeChat account, phone number or ID number to sign up (AFP Photo/Nicolas ASFOURI)

နိုဝင်ဘာ ၇။           ။ ဆယ်ကျော်သက် လူငယ်များ အွန်လိုင်းဂိမ်းကစားမှုအပေါ် ပိတ်ပင်ကန့်သတ်သည့် အမိန့်တစ်ရပ် တရုတ်အစိုးရက ထုတ်ပြန်လိုက်သည်။

ယင်းနိုင်ငံတွင် လူငယ်များ ဂိမ်း စွဲလမ်းမှုအပေါ် ထိန်းချုပ်တားဆီးနိုင်ရေး အစိုးရဘက်က ရည်ရွယ်လုပ်ဆောင်လာသည့် လုပ်ဆောင်ချက်တစ်ခုလည်း ဖြစ်သည်။

ယခု တရုတ် အစိုးရက ပြဌာန်းလိုက်သည့် စည်းမျဉ်းသစ်များအရ ယင်းနိုင်ငံတွင် အသက် ၁၈ နှစ် အောက် လူငယ်များအနေဖြင့် ည ၁၀ နာရီ နှင့် မနက် ၈ နာရီအတွင်း အွန်လိုင်းဂိမ်းများ ကစားခွင့် ရတော့မည် မဟုတ်ပေ။

အလားတူ ယခု စည်းမျဉ်းသစ်များအရ ဂိမ်းကစားသူအားလုံးအနေဖြင့် sign up လုပ်ရာတွင် အကောင့်၊ ဖုန်းနံပါတ် သို့မဟုတ် ID နံပါတ်တို့ကဲ့သို့ အသေးစိတ်အချက်အလက်များနှင့်အတူ နာမည်စာရင်းသွင်းမှုကို အတု မသုံးဘဲ အစစ်အတိုင်း ဖြည့်သွင်းအသုံးပြုသွားကြတော့မည် ဖြစ်သည်။

ကမ္ဘာ့အကြီးဆုံးသော ဗီဒီယိုဂိမ်း စျေးကွက် ဖြစ်သည့် တရုတ်တွင် ဂိမ်းကစားခြင်းကြောင့် ကျန်းမာရေးထိခိုက်မှု၊ ကလေးငယ်များ အမြင်အာရုံ ဆုံးရှုံးလုနီးပါး ဖြစ်မှု၊ ဂိမ်းစွဲမှု စသည်တို့ ဖြစ်ပေါ်နေသည့်အပေါ် စိုးရိမ်မှုများ မြင့်တက်နေချိန် အစိုးရဘက်ကလည်း တင်းကျပ်မှုများ လုပ်ဆောင်နေလျက်ရှိသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly