အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်ကို ရမည်းသင်းသို့ ဖမ်းဆီးခေါ်ဆောင်သွား

06 November 2019
အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်ကို ရမည်းသင်းသို့ ဖမ်းဆီးခေါ်ဆောင်သွား

အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်ကို ရမည်းသင်းသို့ ဖမ်းဆီးခေါ်ဆောင်သွား
***********************************
တရားခံပြေးအဖြစ်  ကြေညာခံထားရသည့်  အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်ကို ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဖမ်းဆီးခဲ့ပြီး ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၆)ရက်နေ့က တာချီလိတ်မြို့မှ တစ်ဆင့် မန္တလေးမြို့ကို ပြန်လည် ပို့ဆောင်ခဲ့ပြီးနောက် ရမည်းသင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

တာချီလိတ်မြို့နယ် ဒုတိယရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့သည် ဦးစိုးထွန်းရှိန်ကို မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် လေကြောင်းရဲတပ်ဖွဲ့ရုံးခန်းတွင်  ရမည်းသင်းခရိုင် ခရိုင်ရဲတပ်ဖွဲ့မှူးထံ လွှဲပြောင်းအပ်နှံခဲ့၍ ရမည်းသင်း ခရိုင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဝင်းကျော် ဦးဆောင်သော အဖွဲ့က ဦးစိုးထွန်းရှိန်ကို ရမည်းသင်းမြို့သို့ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း  ရဲတပ်ဖွဲ့ထံမှသိရသည်။

သတင်းအပြည့်စုံ - http://www.mizzimaburmese.com/article/62490
တင်ဆက် - ယမုံမှူး

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly