မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ရဲ့ စျာပနအခမ်းအနား

06 November 2019
မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ရဲ့ စျာပနအခမ်းအနား

မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ရဲ့ စျာပနအခမ်းအနား

 **************************

မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ရဲ့ စျာပနအခမ်းအနားကို နိုဝင်ဘာလ ၆ရက် ညနေ ၅နာရီက ရေဝေး သုသန်မှာ ပြုလုပ်ခဲ့ပြီး နိုင်ငံရေးအင်အားစုတွေ၊ သဘာဝပတ်ဝန်းကျင်ပညာရှင်တွေ၊ စာပေနဲ့ ပန်းချီပညာရှင် တွေ နဲ့ နယ်ပယ်အသီးသီးက ပညာရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။

အဆိုပါ စျာပနအခမ်းအနားကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း လွမ်းသူ ပန်းခြင်းပေးပို့ခဲ့ပါတယ်။ မိုးလေဝသပညာရှင်ဒေါက်တာထွန်းလွင်ဟာ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှာ နှစ်ပေါင်း ၄ဝ ကျော် တာဝန်ထမ်းဆောင်ခဲ့သလို ပင်စင်ယူပြီးနောက်ပိုင်းမှာလည်း သူ့ရဲ့ လူမှုကွန် ယက် စာမျက်နှာကတစ်ဆင့်လည်းကောင်း သတင်းမီဒီယာတွေကနေတစ်ဆင့် လည်းကောင်း မိုးလေဝသ နဲ့ ရာသီဥတု အခြေအနေတွေကို စဉ်ဆက်မပြတ်တင်ဆက်ပေးခဲ့တာကြောင့် အများပြည်သူအတွက် အားကိုး အားထား ပြုရတဲ့မိုးလေဝသပညာရှင်တစ်ဦးြဖစ်ပါတယ်။

ဒေါက်တာထွန်းလွင်ဟာ နိုဝင်ဘာလ ၄ ရက်နေ့ညနေက ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၁ နှစ်ရှိပြီဖြစ်ပါတယ်။ မိုးလေဝသပညာရှင်ဒေါက်တာထွန်းလွင်ရဲ့ နောက်ဆုံးခရီးကိုတော့ မိသားစုဝင်တွေ၊ နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေ၊ အများပြည်သူတွေက လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

ရိုက်ကူးတည်းဖြတ်- ဖူးအိအိနွယ်/ ဆုမြတ်မေဇော်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly