တရားခံပြေးအဖြစ် ကြေငြာထားသော ဦးစိုးထွန်းရှိန်ကို မန္တလေးသို့ ဖမ်းဆီးခေါ်ဆောင်

တရားခံပြေးအဖြစ် ကြေငြာထားသော ဦးစိုးထွန်းရှိန်ကို မန္တလေးသို့ ဖမ်းဆီးခေါ်ဆောင်

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်အား ထိုင်းနိုင်ငံတွင် ဖမ်းဆီးခဲ့ပြီး တာချီလိတ်မှ တစ်ဆင့် မန္တလေးလေးလေဆိပ်သို့ ခေါ်ဆောင်လာခဲ့ရာ   နိုဝင်ဘာ ၆ရက်နေ့ လေး နာရီကျော်ခန့်က လေဆိပ်အရေးပေါ်ထွက်ပေါက်မှ ရဲယာဉ်တန်းဖြင့် ခေါ်ဆောင်သွားခဲ့သည်။

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီသည် မန္တလေးတိုင်းဒေသကြီး ရမည်သင်းမြို့နယ်ရှိ မိုးထိမိုးမိ  ရွှေလုပ်ကွက်လုပ်ပိုင်ခွင့်ရရှိခဲ့သော်လည်း နိုင်ငံတော်အတွက် ပေးသွင်းရမည့် ရွှေပိဿာ ၁၂၀၀ကျော် ကိုပေး သွင်းခြင်းမရှိသည့်အတွက်  သတ္ထုတွင်းဥပဒေနှင့်  အမှုဖွင့်လှစ်ခံထားရခြင်းဖြစ်သည်။

စိုးထွန်းရှိန်အပါအဝင်  ညီညီလွင်၊ ခင် ဇော်၊ မင်းမင်းစိုးနှင့် စောမောင်တို့ကို မန္တလေးတိုင်းဒေသကြီး၊ ရမည်သင်းမြို့နယ် မြို့မရဲစခန်းတွင် (ပ)၆၁/၂၀၁၈၊ မြန်မာ့သတ္ထုတွင်းဥပဒေ ၃၀(က)နှင့် အမှုဖွင့်ထားပြီး ရဲတပ်ဖွဲ့က ကျင့် ၅၁၂ အရ အမှုမှ ထွက်ပြေးတိမ်းရှောင်နေသော တရားခံပြေးများအဖြစ် ကြေငြာထားခြင်း ဖြစ်သည်။
    
    Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required