ထိုင်းနိုင်ငံတောင်ပိုင်း သံသယရှိသူ သူပုန်များ၏တိုက်ခိုက်မှုကြောင့် ၁၅ ဦးသေဆုံး

ထိုင်းနိုင်ငံတောင်ပိုင်း သံသယရှိသူ သူပုန်များ၏တိုက်ခိုက်မှုကြောင့် ၁၅ ဦးသေဆုံး

နိုဝင်ဘာ ၆    ။ ။ သောင်းကျန်းမှုတွေဖြစ်လေ့ရှိတဲ့ ထိုင်းနိုင်ငံတောင်ပိုင်းမှာ မွတ်စလင်သူပုန်များ၏တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၁၅ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကာ ယခုနှစ်အတွင်း သေဆုံးမှုအများဆုံး ဖြစ်ကြောင်း တပ်မှပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒီကနေ့ပြောသည်။

တောင်ပိုင်းရှိ မလေးမွတ်စလင်များ၏ သောင်းကျန်းမှုများကြောင့် ၁၅ နှစ်ကျော်အတွင်း လူပေါင်း ၇၀၀၀ ကျော် သေဆုံးခဲ့ပြီဖြစ်သည်။

နိုဝင်ဘာ ၅ ရက်နေ့က စေတနာ့ဝန်ထမ်းကာကွယ်ရေးတပ်ဖွဲ့တွေ စောင့်ကြပ်နေတဲ့ ယလာ (Yala) ပြည်နယ်ရှိ စစ်ဆေးရေးဂိတ်နှစ်ခုကို စစ်သွေးကြွတွေက သေနတ်များဖြင့် ပစ်တိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်းတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

တိုက်ခိုက်မှုမှာ ၁၂ ဦးမှာ နေရာမှာတင် သေဆုံးပြီး၊ ၂ ဦးက ဆေးရုံမှာသေဆုံးကာ နောက်တစ်ဦးက ဗုဒ္ဓဟူးနေ့မနက်မှာ သေဆုံးခဲ့သည်။ သူပုန်တွေဟာ စစ်ဆေးရေးဂိတ်မှ M-16 ရိုင်ဖယ်သေနတ်များနှင့် ပစ္စတိုသေနတ်များကို ယူဆောင်သွားခဲ့ကြသည်။

 စစ်ဆေးရေးဂိတ်နဲ့အနီးတစ်ဝိုက်ကိုပိတ်ထားပြီး လောလောဆယ်မှာ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေကြသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းဆိုနေကြတဲ့သူပုန်တွေဟာ ဗုဒ္ဓဘာသာအများစုနေထိုင်တဲ့ ထိုင်းနိုင်ငံနဲ့ တိုက်ခိုက်မှုတွေဖြစ်ပွားနေပြီး ၎င်းဒေသကို နယ်ချဲ့ထားတာ ရာစုနှစ် တစ်ခု ကျော်မျှရှိနေပြီဖြစ်သည်။

ပြီးခဲ့တဲ့နှစ်များက တိုက်ခိုက်မှုတွေနည်းပါးခဲ့ပေမယ့် ယခု ပိုမိုဆိုးရွားလာပြီဖြစ်ကြောင်း ၊သူတို့ရှိနေသေးတယ်ဆိုတာကို သတိပေးတဲ့အနေနဲ့လုပ်တာဖြစ်တဲ့အကြောင်း အဆိုပါအရေး ကျွမ်းကျင်သူ ဒွန်ပါသန် (Don Pathan) က ပြောသည်။

နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ထိုင်းထိန်းသိမ်းရေးစင်တာမှာ စစ်ဆေးမေးမြန်းခြင်းခံရပြီးနောက် ကိုးမားဝေဒနာဖြစ်သွားခဲ့တဲ့ မွတ်စလင်လူမျိုး အက်ဘ်ဒူလာအီစော်မူစာ သေဆုံးပြီးနောက် လပိုင်းအကြာမှာ အင်္ဂါနေ့က တိုက်ခိုက်မှုတွေဖြစ်လာခြင်း ဖြစ်သည်။  .။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly