ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု အရေးပေါ်အခြေအနေ ကြုံတွေ့နေပြီဟု သိပ္ပံပညာရှင် ၁၁,၀၀၀ ကျော် ပါဝင်သည့် အုပ်စုတစ်ခုက ကြေညာ

By SBS News
06 November 2019
ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု အရေးပေါ်အခြေအနေ ကြုံတွေ့နေပြီဟု သိပ္ပံပညာရှင် ၁၁,၀၀၀ ကျော် ပါဝင်သည့် အုပ်စုတစ်ခုက ကြေညာ
Flames from a backfire consume a hillside as firefighters battle the Maria Fire in Santa Paula, California, November 1, 2019 Source: AAP

နိုဝင်ဘာ ၆ ။           ။ လက်ရှိ ကမ္ဘာတွင် ရာသီဥတု ဆိုင်ရာ အရေးပေါ်အခြေအနေတစ်ရပ်နှင့် ကြုံတွေ့နေရပြီဖြစ်ကြောင်း ကမ္ဘာတစ်ဝန်း သိပ္ပံပညာရှင်ပေါင်း ၁၁,၀၀၀ ကျော် ပါဝင်သည့် အဖွဲ့တစ်ခုက ထုတ်ပြန်ကြေညာလိုက်သည်။

နိုင်ငံပေါင်း ၁၅၃ ခုမှ သိပ္ပံပညာရှင်ပေါင်း ၁၁,၀၀၀ ကျော်တို့သည် နှစ် ၄၀ ကြာ ကမ္ဘာလုံးဆိုင်ရာ ဒေတာအချက်အလက်များအပေါ် အကဲဖြတ်တွက်ချက်ပြီးနောက် ယခုကဲ့သို့ ‘ရာသီဥတု အရေးပေါ် အခြေအနေ’ ကို တရားဝင် ကြေညာသွားခဲ့ခြင်း ဖြစ်သည်။

ဒေတာအချက်လက်များအရ လက်ရှိအချိန်တွင် ကမ္ဘာကြီး ပူနွေးလာနေမှုကို တားဆီးရန် အရေးပေါ် လုပ်ဆောင်ချက်များ လုပ်ရန် လိုနေပြီဖြစ်ကြောင်း၊ သို့မဟုတ်ပါက လူသားတို့အပေါ် ကြီးမားကျယ်ပြန့်သော ထိခိုက်မှုများ ဖြစ်လာနိုင်ခြေ ရှိကြောင်း ၎င်း သိပ္ပံပညာရှင်အုပ်စုက ပြောသည်။

ယခု ကြေညာချက်ကို မထုတ်ပြန်မီ သိပ္ပံပညာရှင် အုပ်စုသည် မျက်နှာပြင်၊ လူဦးရေ တိုးတက်မှု၊ မြေသြဇာကောင်းမှုနှင့် မျိုးအောင်မှု နှုန်း၊ ကာဗွန် ထုတ်လွှတ်မှု ၊ စွမ်းအင် သုံးစွဲမှု တို့အပါအဝင် အမျိုးမျိုးသော ကဏ္ဍများကို စိစစ်လေ့လာခွဲခြမ်းခဲ့ကြသည်ဟု သိရသည်။

ယခုကြေညာချက်နှင့်အတူ ရာသီဥတု ပြောင်းလဲမှု၏ ဆိုးကျိုးအန္တရာယ်များကို သတိပေးရုံသာမက လူကြောင့် ဖြစ်သည့် ကမ္ဘာကြီးပူနွေးမှု၏ ဆိုးကျိုးများ လျော့ပါးစေရန်အတွက် အဆင့်ခြောက်ဆင့်ပါ အစီအစဉ်တစ်ခုကိုပါ ရေးဆွဲသွားခဲ့သည်။

ကမ္ဘာကြီး ပူနွေးမှု၏ သက်ရောက်မှု ဆိုးကျိုးများကို လျော့ပါးလိုပါက လူသားတို့ အရေးပေါ် ချက်ချင်း လုပ်ဆောင်သင့်သည့် နယ်ပယ် ခြောက်ခုကို ထုတ်ဖော်သွားခဲ့သည်။ ယင်းနယ်ပယ် ဧရိယာများထဲတွင် စွမ်းအင်၊ သက်တမ်းတို ညစ်ညစ်စေသောပစ္စည်းများ၊ သဘာဝ၊ အစားအသောက်၊ စီးပွားရေးနှင့် လူဦးရေ တို့ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly