လာမယ့် နွေရာသီမှာ ရီးယဲလ်ကို အမ်ဘာပေ ရောက်တော့မှာလား

လာမယ့် နွေရာသီမှာ ရီးယဲလ်ကို အမ်ဘာပေ ရောက်တော့မှာလား

ပီအက်စ်ဂျီကနေ ရီးယဲလ်အသင်းကို အမ်ဘာပေ ပြောင်းရွှေ့ပါလိမ့်မယ် - မိုနာကိုဒုဥက္ကဋ္ဌဟောင်း

မိုနာကိုဒုဥက္ကဋ္ဌဟောင်း ဗာဆီယက်ရဲ့ ပြောကြားချက်များအရ ကိုင်လီယန် အမ်ဘာပေဟာ ရီးယဲလ်မက်ဒရစ်အသင်းအတွက် နောက်ဆုံးမှာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာသွားလိမ့်မယ်လို့ သိရပါတယ်။

အမ်ဘာပေီနဲ့ အလွန်ရင်းနှီးတဲ့ ဆက်ဆံရေးရှိခဲ့တဲ့ ဗာဆီယက်ဟာ အမ်ဘာပေရဲ့ ကလပ်အသင်းဟောင်း မိုနာကိုအသင်းမှာ ၂၀၁၃ မှ ၂၀၁၉ ခုနှစ်အထိ ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။ 

တိုက်စစ်မှူး အမ်ဘပေကတော့  ပီအက်စ်ဂျီအသင်းဆီ မပြောင်းရွှေ့ခင် မိုနာကိုအသင်းအတွက် ပွဲ (၆၀)ကစားပေးခဲ့ပြီး (၂၇)ဂိုး သွင်းယူခဲ့ပါတယ်။

အသက် (၂၀)သာရှိသေးပေမယ့် ထိပ်တန်းတိုက်စစ်မှူးအဖြစ် ရပ်တည်နေတဲ့ အမ်ဘာပေဟာ မိုနာကိုမှာ ရှိစဉ်ကတည်းက ရီးယဲလ်နဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့သလို အခုချိန်ထိလည်း သတင်းထွက်နေဆဲဖြစ်ပါတယ်။

"ကိုင်လီယန်က ကျနော့်ကို ပြောခဲ့တယ်။ 'ဗာဒင်၊ ပြင်သစ်ကို စွန့်ခွာဖို့ အချိန်စောလွန်းသေးတယ်လို့ ကျနော် နက်နက်နဲနဲ ခံစားရတယ်။'"လို့ အသက် ၅၄ နှစ်အရွယ်ရှိ ဗာဆီယက်က Telefoot ပြောကြားခဲ့ပါတယ်။

"ကျနော့်နိုင်ငံအတွက် တစ်နှစ်သာ ကစားခဲ့ရသေးတယ်။ ကျနော်က ပါရီသားပါ။ နိုင်ငံကို ဒီလိုပုံစံမျိုးနဲ့ စွန့်ခွာမသွားချင်ဘူး။ ဒီနေရာမှာ ကြီးကျယ်တဲ့ ကစားသမားတစ်ယောက် ကျနော်ဖြစ်ချင်တယ်။ ရီးယဲလ်က စောင့်နိုင်မှာပါ။"

"ဒါဟာ [ရီးယဲလ်ဆီ အပြောင်းအရွှေ့က] ဖြစ်လာမှာပါ။ ဒါပေမယ့် သူ့အယူအဆမှန်ကန်ခဲ့တယ်လို့ ကျနော့်ကို အမ်ဘာပေက ပြောခဲ့တယ်။"

"ʻရီးယဲလ်ကို ရောက်တဲ့အချိန်မှာ သူတို့တွေက တံခါးလာခေါက်ပြီး ဆန်တီယာဂို ဘာနေဗျူးတစ်ကွင်းလုံးက လက်ခုပ်တီးကြပါလိမ့်မယ်ပေါ့။ မင်း ဒါကို သိဖို့ အတည်ပြုချက်တောင် ရယူစရာမလိုပါဘူး။'လို့ သူ့ကို ကျနော် ပြောခဲ့ပါတယ်။”

လက်ရှိမှာ အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းမှာ ၂၀၂၂ ခုနှစ် စာချုပ်သက်တမ်းရှိသူဖြစ်ပါတယ်။

Ref; Sky Sport

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly