ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတွင် လူငယ်များကို ဦးစားပေးမည်ဟု သူရ ဦးရွှေမန်း ပြော

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတွင် လူငယ်များကို ဦးစားပေးမည်ဟု သူရ ဦးရွှေမန်း ပြော

မြိတ်၊ နိုဝင်ဘာ ၆ ။            ။ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတွင် လူငယ်များကို ဦးစားပေးသွားမည်ဟု ပါတီ၏ ခေါင်းဆောင်ဖြစ်သော သူရ ဦးရွှေမန်း ကပြောကြားသည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေဖြင့် မြိတ်မြို့တွင် လူငယ်နှင့် အနာဂတ်ခေါင်းစဉ်ဖြင့် လူငယ်ထုတွေ့ဆုံ ဆွေးနွေးပွဲကို နိုဝင်ဘာလ ၅ ရက်နေ့ ည ၈ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့စဉ် ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ပါတီထဲမှာ လူငယ်များကို နေရာပေးမယ်။ တာဝန်ပေးမယ် သူနဲ့ထိုက်တန်တဲ့ တာဝန်များ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ နောင် အနာဂတ်မှာ ဒီထက် အဆင့်မြှင့်တဲ့ တာဝန်တွေ နိုင်ငံအတွက် ထမ်းဆောင်နိုင်ဖို့ ထမ်းဆောင်နိုင်ဖို့ လေ့ကျင့်ပေးမယ်။ မြေတောင်မြှောက်ပေးမှာ ဖြစ်တယ်။ ပါတီရဲ့ လူငယ်နဲ့ဆိုင်တဲ့ မူဝါဒ တစ်ခု ဖြစ်တယ်”ဟု ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ၏ ခေါင်းဆောင် သူရဦးရွှေမန်းက ပြောသည်။

အဆိုပါ မြိတ်မြို့နယ်လူငယ်ထုတွေ့ဆုံပွဲကို မြိတ်တောင်ကျေးရွာအုပ်စု၊ အောင်မင်္ဂလာရပ်ကွက်၊ အုန်းတောကျောင်းလမ်းနှင့် ထားဝယ်ကမ်းလမ်းထောင့်ရှိ ရပ်/ကျေး ပါတီရုံးခန်း၌ ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“ယနေ့ခေတ် လူငယ်တွေဟာ ပြည်သူ့နိတိ တာဝန်ကို နားလည်ဖို့ လိုအပ်တယ်။ ပူးပေါင်း ဆောင်ရွက် တတ်တဲ့ အလေ့အထများ ရှိဖို့လည်း လိုအပ်နေတယ်။ နိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းကို သိထားဖို့ လိုအပ်နေတယ်” ဟု သူရဦးရွှေမန်းက ပြောသည်။

အဆိုပါ လူငယ်ထု တွေ့ဆုံ ဆွေးနွေးပွဲကို မြိတ်မြို့ပေါ်ရှိ ကျောင်းသားကျောင်းသူများ၊ အရပ်ဖက် အဖွဲ့စည်းများနှင့် စိတ်ဝင်စားသည့် လူငယ်များ တက်ရောက် ဆွေးနွေးခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly