အဓိကကျတဲ့ မြေအောက်စက်ရုံတစ်ခုမှာ ယူရေနီယံ သန့်စင်မှု ပြန်စမယ်လို့ အီရန် ပြောကြား

အဓိကကျတဲ့ မြေအောက်စက်ရုံတစ်ခုမှာ ယူရေနီယံ သန့်စင်မှု ပြန်စမယ်လို့ အီရန် ပြောကြား

နိုဝင်ဘာ ၅။      ။ အီရန်အနေနဲ့ တီဟီရန်မြို့ တောင်ပိုင်း မြေအောက် စက်ရုံတစ်ရုံမှာ ယူရေနီယံ သန့်စင်မှုတွေကို ပြန်လည် စလုပ်တော့မည်ဖြစ်ကြောင်း သမ္မတ ဟာဆန် ရိုဟာနီက နိုဝင်ဘာ ၅ ရက်မှာ ပြောဆိုလိုက်ပါတယ်။

ဒါဟာ အဓိက အင်အားကြီး နိုင်ငံတွေနဲ့အကြား ချုပ်ဆိုခဲ့ပြီး အကျပ်ဆိုက်နေတဲ့ ၂၀၁၅ သဘောတူညီချက်ကနေ အီရန်တို့ရဲ့ နောက်ထပ် ခြေလှမ်းနောက်ဆုတ်မှု တစ်ခု ဖြစ်လာပါတယ်။

ရှီးအိုက်တို့ရဲ့ အထွတ်အမြတ် Qom မြို့အနီး တောင်ကုန်းတွေဘက်မှာရှိတဲ့ Fordow စက်ရုံမှာ သန့်စင်မှု အားလုံး ဆိုင်းငံ့ထားမှုကတော့ ယင်းရဲ့ နျူကလီးယား လုပ်ဆောင်ချက်တွေအပေါ် ကန့်သတ်မှုတွေအနက်က တစ်ခုဖြစ်ပါတယ်။

အီရန်တို့အနေနဲ့ နိုင်ငံတကာ ဆန်ရှင် ဖြေလျှော့ခံရရေးအတွက် ယင်းနျူကလီးယားလုပ်ရပ်တွေကို ရပ်ဆိုင်းထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်မေလမှာ ဝါရှင်တန်ဘက်က အဆိုပါ စာချုပ်ကနေ ထွက်ခွာပြီး ဆန်ရှင်တွေ ပြန်လည် ချမှတ်လာခြင်းကြောင်း အီရန်တို့အနေနဲ့ တစ်ဆင့်ချင်း ဆိုင်းငံ့ထားတဲ့ ယူရေနီယံသန့်စင်မှုတွေကို ပြန်လည်စတင်လာခဲ့တာဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly