ပါရီမှာ ဂျိုကိုဗစ် ဗိုလ်စွဲခဲ့ပေမယ့် ကမ္ဘာ့နံပါတ် (၁)နေရာကို နဒါးလ် ပြန်လည်ရောက်ရှိ

ပါရီမှာ ဂျိုကိုဗစ် ဗိုလ်စွဲခဲ့ပေမယ့် ကမ္ဘာ့နံပါတ် (၁)နေရာကို နဒါးလ် ပြန်လည်ရောက်ရှိ

တနင်္လာနေ့က ထုတ်ပြန်တဲ့ တင်းနစ်ကမ္ဘာ့အဆင့်ရပ်တည်ချက်မှာ ထိပ်ဆုံးနံပါတ်တစ်နေရာကို နဒါးလ်က ပြန်လည် သိမ်းပိုက်လိုက်ပြီး ပါရီမာစတာစ်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ ဂျိုကိုဗစ်ကတော့ အဆင့် (၂)နေရာကို ဆင်းပေးလိုက်ရတယ်လို့ သိရပါတယ်။

အသက် (၃၂)နှစ်အရွယ် ဂျိုကိုဗစ်ဟာ ပါရီမာစတာစ်ပြိုင်ပွဲမှာ ရှာပိုဗာလော့ဗ်ကို အနိုင်ရခဲ့ပြီး ဗိုလ်စွဲခဲ့ပေမယ့် တင်းနစ်ကမ္ဘာ့အဆင့်ပ်တည်မှုမှာတော့ ထိပ်ဆုံးမှ အဆင့် (၁)နေရာကနေ ဖယ်ပေးလိုက်ရပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့ပြီးမှ ဝမ်းဗိုက်ဒဏ်ရာကြောင့် နုတ်ထွက်ခဲ့သူ နဒါးလ်က သူရဲ့နေရာကို အစားထိုးဝင်ရောက်ခဲ့တာပါ။

နဒါးလ်နဲ့ ဂျိုကိုဗစ်တို့ရဲ့နောက်မှာတော့ ဖက်ဒရာ၊ မက်ဗဲဒစ်ဗ်၊ ဒေါ်မနစ်သိမ်း၊ စတီဗာနို စီစစ်ပက်စ်၊ အလက်ဇန်းဒါး ဇက်ဗဲယာစတဲ့ တင်းနစ်ကစားသမားတွေ အစဉ်လိုက်ရပ်တည်နေပါတယ်။

ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာတော့ ပါရီမာစတာစ်ပြိုင်ပွဲ ဗိုလ်လုပွဲအထိ တက်ရောက်ခဲ့တဲ့ ရှာပိုဗာလော့ဗ်ကေ အဆင့် (၁၃)ဆင့်ထိ ခုန်တက်ပြီး ကစားသမားဘဝ အမြင့်ဆုံးအနေနဲ့ အဆင့် (၁၅)နေရာကို ရောက်ရှိလာတာကို တွေ့ရပါတယ်။

ပြင်သစ်နဲ့ ယူအက်စ်အိုးပင်ချန်ပီယံ နဒါးလ်နဲ့ သြစတြေးလျနဲ့ ဝင်ဘယ်လ်ဒန်အိုးပင်တို့မှာ ဗိုလ်စွဲခဲ့တဲ့ ဂျိုကိုဗစ်တို့ကြား ၂၀၁၉ ခုနှစ်အတွင်း ပြိုင်ဆိုင်မှုကို ဆက်လက်မြင်တွေ့ရမှာဖြစ်ပြီး တင်းနစ်ရာသီအပိတ်ပြိုင်ပွဲ ATP Tour Finals အပြီး ကမ္ဘာ့အဆင့် (၁)နေရာကို ဘယ်သူရယူသွားမလဲဆိုတာ စောင့်ကြည့်ရအုံးမှာဖြစ်ပါတယ်။

နိုဝင်ဘာ (၄) ရက်၊ ATP (အမျိုးသား) အဆင့်များနဲ့ ရမှတ်များ

၁။ ရာဖေးလ် နဒါးလ် (စပိန်) ရမှတ် ၉၅၈၅ (+၁)
၂။ နိုဗက် ဂျိုကိုဗစ် (ဆားဘီးယား) ရမှတ် ၈၉၄၅ (-၁)
၃။ ရော်ဂျာ ဖက်ဒရာ (ဆွစ်ဇလန်) ရမှတ် ၆၁၉၀
၄။ မက်ဗဲဒစ်ဗ် (ရုရှား) ရမှတ် ၅၇၀၅
၅။ ဒေါ်မနစ်သိမ်း (သြစတြီးယား) ရမှတ် ၅၀၂၅
၆။ စတီဗာနို စီစစ်ပက်စ် (ဂရိ) ရမှတ် ၄၀၀၀ (+၁)
၇။ အလက်ဇန်းဒါး ဇက်ဗဲယာ (ဂျာမနီ) ရမှတ် ၂၉၄၅ (-၁)
၈။ ဘယ်ရက်တီနီ (အီတလီ) ရမှတ် ၂၆၇၀ (+၁)
၉။ ရော်ဘတ်တို ဘတ်တီစ်တာ (စပိန်) ၂၅၄၀ (+၁)
၁၀။ မူဖီးစ် (ပြင်သစ်) ရမှတ် ၂၅၃၀ (+၃)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly