ရွှေနဒီအမြန်ယာဉ်မှ ဖမ်းဆီးခံခဲ့ရသူများအနက် ၂၅ ဦးကို AA ပြန်လွှတ်

ရွှေနဒီအမြန်ယာဉ်မှ ဖမ်းဆီးခံခဲ့ရသူများအနက် ၂၅ ဦးကို AA ပြန်လွှတ်

စစ်တွေ ၊ နိုဝင်ဘာ ၅ ။            ။ ရွှေနဒီအမြန်ယာဉ်မှ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသူ များအနက် ၂၅ ဦးကို ရခိုင့်တပ် AA မှပြန်လွှတ်ပေး လိုက်ပြီဟုသိရကြောင်း ဘူးသီးတောင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောသည်။

အောက်တိုဘာ ၂၆ ရက်နေ့က တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ အပါအဝင် လူပေါင်း ၅၆ ဦးကို ရွှေနဒီအမြန်ရေယာဉ်ပေါ်မှ AA အဖွဲ့က ဖမ်းခေါ်ဆောင်ခဲ့ပြီး ယခုအခါ တစ်ချို့ကို ပြန်လွှတ်ပေးလိုက်ခြင်းလည်း ဖြစ်သည်။

"၂၅ ယောက်လွှတ်ပေးလိုက်တယ်လို့ပြောတယ်။ ဘယ်သူ၊ ဘယ်သူတွေကို လွှတ်ပေးလိုက်တယ် ဆိုတာတော့မသိသေးဘူးဗျ"  ဟု ဘူးသီးတောင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကပြောသည်။

၎င်းတို့ကို နိုဝင်ဘာ ၅ ရက်နေ့ နံနက်အစောပိုင်း ခန့်တွင် ဘူးသီးတောင်မြို့တစ်နေရာ၌ ပြန်လွှတ်ပေးသည်ဟု ကြားသိရထားကြောင်း ပြန်လွတ်လာသူများကို လက်ရှိအချိန်တွင် ဘူးသီးတာင်မြို့နယ်ထဲသို့ ခေါ်ဆောင် လာမည်ဖြစ်ကာ မေးမြန်းမှုများပြုလုပ်၍ နေရပ်ပြန်နိုင်ရန် စီစဉ်ပေးမည်ဟုလည်း ဦးထွန်းအောင်သိန်းက ဆက်ပြောသည်။

လက်ရှိတွင် အဆိုပါဖြစ်စဉ်မှ ဖမ်းဆီးခံထားရသူ ၄၀ ဦးအထိ ပြန်လည်လွတ်မြောက်လာပြီး  ကျန်သူများမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly