အမေရိကန်သို့ လာရောက်ရန် ဒေါ်နယ်ထရမ့်က အာဆီယံခေါင်းဆောင်များအား ဖိတ်ကြား

By AFP/ CNA
04 November 2019
အမေရိကန်သို့ လာရောက်ရန် ဒေါ်နယ်ထရမ့်က အာဆီယံခေါင်းဆောင်များအား ဖိတ်ကြား

နိုဝင်ဘာ ၄။                ။ လာမယ့်နှစ် အမေရိကန်မှာ ကျင်းပမယ့် ထိပ်သီးအစည်းအဝေးတစ်ခုမှာ အာဆီယံခေါင်းဆောင်တွေ လာတက်ကြဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖိတ်ကြားလိုက်တယ်လို့ သိရပါတယ်။

အာဆီယံ ခေါင်းဆောင်တွေကို သမ္မတထရမ့်ဘက်က အမေရိကန်ကို လာဖို့ ဖိတ်ကြားမှုကိုတော့ အမေရိကန် အိမ်ဖြူတော် အမျိုးသား လုံခြုံရေး အကြံပေးအရာရှိ ရောဘတ် အိုး ဘရိုင်ယန်က အာဆီယံ- အမေရိကန် အစည်းအဝေးတစ်ခုမှာ ဖတ်ကြားပေးသွားတာဖြစ်ပါတယ်။

 “အထူးအစည်းအဝေးတစ်ခုအတွက် အမေရိကန်မှာ ကျွန်တော်နဲ့အတူ လာပူးပေါင်းကြဖို့ အာဆီယံခေါင်းဆောင်တွေကို ဖိတ်ခေါ်ပါတယ်၊ လာမယ့် ၂၀၂၀ ပထမသုံးလပတ်ထဲ နှစ်ဦးနှစ်ဘက် အဆင်ပြေမယ့် အချိန်မှာ ဒီ အစည်းအဝေးကို လုပ်ပါမယ်” ဆိုပြီး ရေးသားထားတဲ့ ဒေါ်နယ်ထရမ့်ရဲ့ စာကို အိုး ဘရိုင်ယန်က ဖတ်ကြားသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးမှာ အမေရိကန်သမ္မတ ထရမ့် တက်ရောက်ခဲ့ခြင်း မရှိသလို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းကလည်း ၎င်းရဲ့ ကိုယ်စား ဒုသမ္မတ မိုက်ပန့်စ်ကိုသာ တက်ရောက်စေခဲ့ပါတယ်။

ယခုနှစ်ထိုင်းမှာ ပြုလုပ်တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာလည်း အမေရိကန် ကုန်သွယ်ရေးဝန်ကြီး ဝီလ်ဘာ ရော့စ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တစ်ခုသာ တက်ရောက်လာခဲ့ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly