အစိုးရက စပါးဝယ်ယူပေးရန် တိုင်းဒေသကြီးနှစ်ခုကသာ တင်ပြထားကြောင်း ဒုဝန်ကြီးဆို

အစိုးရက စပါးဝယ်ယူပေးရန် တိုင်းဒေသကြီးနှစ်ခုကသာ တင်ပြထားကြောင်း ဒုဝန်ကြီးဆို

ရန်ကုန်၊ နိုဝင်ဘာ ၄ ။     ။ သတ်မှတ် အခြေခံစျေးနှုန်းနှင့် အစိုးရမှ စပါးဝယ်ယူပေးရန် ပဲခူးတိုင်း နှင့် ဧရာဝတီတိုင်းအစိုးရတို့ မှတင်ပြထားပြီး၊ မကြာမီတွင် ဝယ်ယူရေးအစီအစဉ်များကို စတင်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်ထူးကဆိုသည်။

“ ဝယ်ယူရေးအစီအစဉ်ကို လုပ်မယ့်အခါကျတော့ ပြည်နယ်နဲ့တိုင်းက ဝန်ကြီးတွေ အကုန်လုံးကို ဖိတ်လိုက်တယ်။ ပြီးတော့ ဘယ်တိုင်းတွေက ဝယ်ဖို့လိုမလဲဆိုတာကို ဆွေးနွေးတယ်။ ဆွေးနွေးတဲ့ အခါမှာတစ်ကယ်တမ်း တင်ပြလာတာက သုံးခုလောက်ပဲရှိတယ်။ ပဲခူတိုင်း၊ ဧရာဝတီတိုင်းနဲ့ ရန်ကုန် တိုင်းပါ။ ရန်ကုန် တိုင်းမှာတော့ မလိုလောက်တော့ဘူးလို့ သိရပါတယ်” ဒုတိယဝန်ကြီးက ဆိုသည်။

စပါးစျေးအခြေခံစျေးနှုန်းအောက် ကျဆင်းခဲ့ပါက အစိုးရက ဝင်ရောက်ဝယ်ယူ ပေးသွားရန် ရန်ပုံငွေ ကျပ် ၁၅သန်းလျာထားခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရမှ စပါးဝယ်ယူပေးရန်ကျပ် ၈သန်း ၊ဧရာဝတီ တိုင်းဒေသကြီးမှ ကျပ် ၅ဘီလီယံ အကြမ်းဖျဉ်းတောင်းခံ ထားခြင်းဖြစ်ကြောင်း သိရသည်။

“ ကျွန်တော်တို့ စည်းမျဉ်းစည်းကမ်းတွေ ချဖို့အတွက် လာမယ့် တစ်ပတ်အတွင်းမှာ အစည်းအဝေး ခေါ်ပါ့မယ်။ သူတို့လိုချင်တဲ့ငွေကြေးကိုထုတ်ေပးမယ်။ ကျွန်တော်တို့ထုတ်ထားတဲ့ ငွေကြေးရန်ပုံငွေက လုံ လောက်ပါတယ်” ဟု ဒုဝန်ကြီးကဆက်လက်ပြောဆိုသည်။

ထို့အပြင်ဝယ်ယူရေးလုပ်ငန်းစဉ်များနှင့် ပက်သက်၍ စည်းမျဉ်းစည်းကမ်းများကို မကြာမီချမှတ်သွား မည်ဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရတို့၏ အစီအမံဖြင့် ဝယ်ယူပေးသွားမည် ဖြစ်ကြောင်း သိရသည်။

တောင်သူအချို့အနေဖြင့်  မိုးစပါးများကိုရောင်းချပြီးြဖစ်သော်လည်း သတ်မှတ်စျေးနှုန်း အတိုင်း ရရှိခြင်း မရှိသည်မှာ အစိုဓာတ်နှင့် ဖုန်၊သဲ၊ခဲ ၊အဖျင်း၊အမှော်ကင်းစင်မှု၌ သတ်မှတ်စံချိန်စံညွှန်း အရည်အသွေး ပြည့်မှီမှုမရှိခြင်းကြောင်း ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း ၏ ဥက္ကဋ္ဌ ဦးကျော်ဝင်း ကပြောသည်။

၂၀၁၉ ခုနှစ် မိုးစပါးနှင့် ၂၀၂၀ ခုနှစ် နွေစပါးရာသီအတွက် စပါးတင်း ၁၀၀ကို ကျပ် ၅ သိန်းနှုန်းဖြင့်  ဝယ်ယူရန် ဒုတိယသမ္မတ-၂ ဦးဆောင်သည့် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့မှ  အောက်တိုဘာလ ၁၅ ရက်နေ့တွင်သတ်မှတ် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required