Holocaust ဖြစ်ရပ်ဆိုးမှာ အသက်ရှင်ကျန်ရစ်သူနှစ်ဦးနဲ့ ၎င်းတို့ကို ကယ်တင်ခဲ့သူတို့ ပထမဆုံးအကြိမ် ပြန်လည် ဆုံဆည်း

Holocaust ဖြစ်ရပ်ဆိုးမှာ အသက်ရှင်ကျန်ရစ်သူနှစ်ဦးနဲ့ ၎င်းတို့ကို ကယ်တင်ခဲ့သူတို့ ပထမဆုံးအကြိမ် ပြန်လည် ဆုံဆည်း

နိုဝင်ဘာ ၄။     ။ Holocaust ဖြစ်ရပ်ဆိုးမှာ မသေဘဲ အသက်ရှင်ကျန်ရစ်ခဲ့သူ နှစ်ဦးနဲ့ ၎င်းတို့ကို ကယ်တင်စောင့်ရှောက်ပေးခဲ့သူတို့ နိုဝင်ဘာ ၃ ရက်က ဂျေရုဆလင်မှာ ပထမဆုံးအကြိမ် ပြန်လည် ဆုံဆည်းနိုင်ခဲ့ကြပါတယ်။

လက်ရှိ အစ္စရေးမှာ နေထိုင်လျက် ရှိတဲ့ ဂျူးဘာသာဝင် မောင်နှမနှစ်ဦးဖြစ်တဲ့ ဆာရာ ယာနိုင်း နဲ့ ယော့စီ မော် တို့ကတော့ Holocaust ( နာဇီ ဂျာမန်တွေက ဂျူးတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု) ဖြစ်ရပ်ဆိုးမှာ အသက်ရှင်လွတ်မြောက်ခဲ့ကြသူတြွေဖစ်ပါတယ်။

ယင်းဖြစ်ရပ်ဆိုး ဖြစ်ချိန်တုန်းက ၎င်းတို့ မောင်နှမ နှစ်ဦးကို ဂရိ နိုင်ငံသူ မယ်လ်ပိုမန်နီ ဒီနာက သူမရဲ့ အိမ်မှာ ခေါ်ယူ ဝှက်ထားပေးပြီး ကယ်တင်ပေးခဲ့တာဖြစ်ပါတယ်။ ဒီနာကတော့ ဒုတိယကမ္ဘာစစ်အတွင်းက ဂျူးမောင်နှမ နှစ်ဦးကို နာဇီတွေရန်ကနေ လွတ်အောင်လို့ ဂရိမှာ ရှိတဲ့ သူမရဲ့ နေအိမ်မှာ ၀ှက်ထားပေးခဲ့တာဖြစ်ပါတယ်။

ယခုအခါ အသက် ၉၂ နှစ်အရွယ် ဂရိနိုင်ငံသူ ဒီနာဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက် အစ္စရေးကို ရောက်လာခဲ့ချိန်မှာတော့ သူမ ကယ်တင်ပေးခဲ့ရသူတွေဖြစ်တဲ့ ယာနိုင်းနဲ့ ယော့စီ မောင်နှမနှစ်ဦးတို့နဲ့ ပြန်လည် ဆုံတွေ့ခဲ့ကြပါတယ်။

၎င်းတို့ဟာ ဂျေရုဆလင်မှာ ရှိတဲ့ Yad Vashem အထိမ်းအမှတ်နေရာမှာ ပြန်လည် ဆုံဆည်းကြတာဖြစ်ပါတယ်။

ဒါဟာ Holocaust ဖြစ်ရပ်ဆိုးမှာ အသက်ရှင်လွတ်မြောက်သူတွေနဲ့ ၎င်းတို့ကို ကယ်တင်ပေးခဲ့သူတို့အကြား ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည် ဆုံတွေ့ခြင်းလည်း ဖြစ်ပါတယ်။

ခုလိုပြန်ဆုံဆည်းချိန်မှာတော့ အသက် ၈၆ နှစ်ရှိ ဆာရာက သူမတို့ မောင်နှမကို ကယ်ပေးခဲ့တဲ့ ဒီနာရဲ့ လက်ကို ဆုပ်ကိုင်ရင်း မျက်ရည်ကျခဲ့ရပါတယ်။

“ ခုလို ပြန်တွေ့ရတာ စိတ်လှုပ်ရှားမိပါတယ်၊ စကားလုံးနဲ့ မဖော်ပြတတ်ပါဘူး၊ အဲဒီတုန်းက ကျွန်မတို့ဟာ သူ့အိမ်မှာ ပုန်းခဲ့ကြရတာပါ၊ သူက ကျွန်မတို့ မိသားစုတစ်စုလုံးကို ကယ်ပေးခဲ့တာပါ၊ အားလုံး ခြောက်ယောက်ပေါ့၊ အဲဒီတုန်းက ကျွန်မတို့ကို ဝှက်ပေးထားတာက သူ့အတွက်ရော၊ သူ့မိသားစုအတွက်ပါ ဘယ်လောက်တောင် အန္တရာယ် များခဲ့မလဲ၊ ကျွန်မ တွေးတောင် မတွေးရဲခဲ့ပါဘူး” ဆိုပြီး ဆာရာက ပြောသွားခဲ့ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly