နည်းပြ နီကိုး ကိုဗက်ကို ဘိုင်ယန်မြူးနစ်အသင်း ရာထူးကနေ ထုတ်ပယ်

နည်းပြ နီကိုး ကိုဗက်ကို ဘိုင်ယန်မြူးနစ်အသင်း ရာထူးကနေ ထုတ်ပယ်

"ဒါဟာ ဒီအချိန်မှာ ကလပ်အသင်းအတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ကျနော် ယူဆပါတယ်။" - ကိုဗက်

ဘိုင်ယန်မြူးနစ်အသင်းဟာ အသင်းရဲ့ သမိုင်းတစ်လျှောက် ဖရန့်ဖတ်အသင်းကို (၅-၁)ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ပြီးနောက်တစ်ရက် တနင်္ဂနွေနေ့က ဂျာမန်ချန်ပီယံက နည်းပြ နီကိုး ကိုဗက်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။

"ဘိုင်ယန်မြူးနစ်အသင်းဟာ နည်းပြချုပ် နီကို ကိုဗက်ကို တာဝန်ကနေ အနားပေးလိုက်ပြီဖြစ်တယ်။"လို့ ကလပ်အသင်းက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကလပ်ဥက္ကဌ၊ အမှုဆောင်အရာရှိချုပ်၊ အားကစားဒါရိုက်တာတို့နဲ့ ကိုဗတ်ကိုယ်တိုင် ဆွေးနွေးခဲ့ကြပြီးနောက် "နှစ်ဖက်သဘောတူ ဆုံးဖြတ်ချက်ချခဲ့ပြီး လမ်းခွဲခဲ့ကြတာပါ။

အသက် (၄၈)နှစ်အရွယ် နည်းပြ ကိုဗက်ဟာ ဒီရာသီမှာ ဘိုင်ယန်မြူးနစ်ကို ရလဒ်ကောင်းအောင် ထင်သလောက် စွမ်းဆောင်ပြနိုင်ခြင်း မရှိဘဲ ဖိအားများနေတာဖြစ်ပါတယ်။ ဘိုင်ယန်ဟာ ဘွန်ဒစ်လီဂါ (၁၀)ပွဲကစားရာမှာ အဆင့် (၄)နေရာကို ရောက်နေသလို (၁၈)မှတ်ပဲ ယူနိုင်ခဲ့ပါတယ်။

ကိုဗက်အနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းမှာ နည်းပြသက်တမ်း (၁၈)လပဲကြာမြင့်ခဲ့တာလည်းဖြစ်ပါတယ်။

ထုတ်ပြန်ကြေညာချက်ထဲမှာတော့ လက်ထောက်နည်းပြ ဟန်းစ် ဖလစ်က အသင်းကို တာဝန်ယူနည်းပြသွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

"ဒါဟာ ဒီအချိန်မှာ ကလပ်အသင်းအတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ကျနော် ယူဆပါတယ်။"လို့ ကိုဗက်က ပြောပါတယ်။

"ပြီးခဲ့တဲ့ ၁၈ လအတွက် ဘိုင်ယန်ကို ကျေးဇူးတင်လို့ ပြောပါရစေ။ အဲဒီအချိန်အတောအတွင်း ကျနော်တို့ အသင်းဟာ ဘွန်ဒစ်လီဂါဖလား၊ DFB ဖလားနဲ့ စူပါဖလားတို့ကို ဆွတ်ခူးခဲ့ပါတယ်။ ဒါဟာ အချိန်ကောင်းဖြစ်ခဲ့ပါတယ်။ ကလပ်နဲ့ အသင်းကို အကောင်းဆုံးဖြစ်ပါစေလို့ ဆုမွန်တောင်းပါတယ်။"

ဘိုင်ယန်ဟာ ဗုဒ္ဓဟူးနေ့မှာ အိုလံပီယာကို့စ်နဲ့ ချန်ပီယံလိဂ်ပွဲကစားပြီးရင် သူတို့ရဲ့ မဟာပြိုင်ဘက် ဒေါ့မွန်နဲ့ စနေနေ့မှာ ကစားရမှာဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly