ကျောက်မီးသွေးအပေါ် မှီခိုမှု လျှော့ချဖို့ အာရှနိုင်ငံတွေကို ကုလ သတိပေး

ကျောက်မီးသွေးအပေါ် မှီခိုမှု လျှော့ချဖို့ အာရှနိုင်ငံတွေကို ကုလ သတိပေး

နိုဝင်ဘာ ၄။             ။ အာရှဒေသ နိုင်ငံတွေအနေနဲ့ ကျောက်မီးသွေးအပေါ် မှီခိုနေမှုကို လျှော့ချဖို့ လိုနေပြီဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က နိုဝင်ဘာ ၃ ရက်မှာ သတိပေးပြောဆိုသွားခဲ့ပါတယ်။

ရာသီဥတု ပြောင်းလဲမှုနဲ့အတူ ဒေသတစ်ဝန်းမှာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်နိုင်မှု အန္တရာယ်တွေက ဒေသတွင်းရှိ ပြည်သူ သန်းပေါင်းများစွာတို့အပေါ် ခြိမ်းခြောက်မှု ဖြစ်စေလျက် ရှိချိန်မှာ ခုလိုမျိုး ကုလ အကြီးအကဲက တိုက်တွန်းသွားခဲ့တာဖြစ်ပါတယ်။

အလားတူ ဘန်ကောက်၊ ဟိုချီမင်းစီးတီးနဲ့ မွမ်ဘိုင်း အပါအဝင် အာရှဒေသတွင်းက အဓိက မြို့ကြီး အတော်များများဟာ ကမ္ဘာကြီး ပူနွေးမှုနဲ့ ဆက်စပ်တဲ့ ဆိုးဝါးတဲ့ ရေလွှမ်းမိုးနိုင်မှု အန္တရာယ်နဲ့ ရင်ဆိုင်ရမယ့် အလားအလာတွေ ရှိနေကြောင်း ယခုအပတ်အတွင်း သုတေသနအသစ်တစ်ခုကလည်း ထုတ်ပြန်ခန့်မှန်းထားခဲ့ပါသေးတယ်။

ဒါ့ကြောင့် လက်ရှိအချိန်မှာ ရာသီဥတု အကျပ်အတည်း ပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် အလို့ငှာ အာရှ နိုင်ငံတွေအနေနဲ့ ကျောက်မီးသွေးအပေါ် မှီခိုအားထားနေမှုတွေကို မဖြစ်မနေ လျှော့ချဖို့ လိုနေပြီဖြစ်ကြောင်း ဂူတာရက်စ်က ပြောသွားပါတယ်။

“ ကျောက်မီးသွေးအပေါ် အားထားနေတဲ့ အခြေအနေတစ်ခု ရှိနေပါတယ်၊ ဒါကို ကျွန်တော်တို့ ကျော်လွှားသွားရပါမယ်၊ ဘာလို့ဆိုတော့ ဒါက ရာသီဥတု ပြောင်းလဲမှုနဲ့ သက်ဆိုင်တဲ့ အဓိက ခြိမ်းခြောက်မှုတစ်ခုအဖြစ် ဆက်ရှိနေလို့ပါ” လို့ ဂူတာရက်စ်က ဘန်ကောက်မြို့မှာ ကျင်းပတဲ့ အာဆီယံ အစည်းအဝေး မတိုင်မီ သတင်းထောက်တွေကို ပြောသွားပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/
    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly