ဟောင်ကောင် နိုင်ငံရေးမတည်ငြိမ်မှုများကြား ဓားကိုင်တိုက်ခိုက်မှု ဖြစ်ပွား

ဟောင်ကောင် နိုင်ငံရေးမတည်ငြိမ်မှုများကြား ဓားကိုင်တိုက်ခိုက်မှု ဖြစ်ပွား

ဟောင်ကောင်၊ နိုဝင်ဘာ ၄။               ။ ဟောင်ကောင်မှာ အမျိုးသားတစ်ဦး ဓားကိုင်တိုက်ခိုက်မှု ကျုးလွန်တာကြောင့် ဒီမိုကရေစီ ထောက်ခံတဲ့ နိုင်ငံရေးသမားတစ်ဦး အပါအဝင် လူခြောက်ဦး ဒဏ်ရာရပါတယ်။

အဆိုပါ နိုင်ငံရေးသမားဟာ တိုက်ခိုက်ခံရမှုကြောင့် နားရွက်ပြတ်ရှခဲ့ပြီး ကျန်သူ ငါးဦးလည်း အသီးသီး ဒဏ်ရာရပါတယ်။

နိုင်ငံရေးမတည်ငြိမ်မှုတွေ ဖြစ်ပွားပေါ်ပေါက်နေတဲ့ ဟောင်ကောင်မှာ ခုလို ဓားကိုင်တိုက်ခိုက်မှု ဖြစ်ပွားလာတာက နောက်ထပ် မတည်ငြိမ်မှုတွေ ပေါ်ပေါက်လာတဲ့ အသွင်လည်း ဆောင်နေပါတယ်။

ဟောင်ကောင်ရဲ့ အချက်အခြာ ကျရာ ရှော့ပင်းစင်တာတွေမှာဆိုရင်လည်း စုရုံးဆန္ဒပြမှုတွေ ဖြစ်ပွားနေပြီး ရဲနဲ့ ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပွားပါတယ်။

အစိုးရက တရုတ်နိုင်ငံဆီ တရားခံလွှဲပြောင်းတဲ့ ဥပဒေ ပြဌာန်းဖို့ ကြိုးစားလာတာကို ဆန့်ကျင်ရာက ဖြစ်ပွားပေါ်ပေါက်တဲ့ ဆန္ဒပြမှုတွေဟာ ဒီမိုကရေစီ တောင်းဆိုတဲ့ ဆန္ဒပြမှုတွေအဖြစ် လေးလကျော်မက ဖြစ်ပွားပေါ်ပေါက်နေတာပဲ ဖြစ်ပါတယ်။

ဆန္ဒပြမှုတွေရဲ့ နောက်ကွယ်မှာ အမေရိကန်က သွေးထိုးနေတယ်လို့ တရုတ်နိုင်ငံက စွပ်စွဲပြီး တရုတ်ကို ဖြိုခွဲမယ့် ဘယ်သူမဆို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ သမ္မတ ရှီကျင့်ဖျင်က သတိပေးထားတာလည်း ဖြစ်ပါတယ်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly