စစ်သွေးကြွများနှင့် ဆက်သွယ်ပူးပေါင်းမှုကို တားဆီးရန် ဆယ်ကျော်သက်များ၏ နိုင်ငံကူးလက်မှတ်များကို ဗြိတိန်ပိတ်ပင်မည်

စစ်သွေးကြွများနှင့် ဆက်သွယ်ပူးပေါင်းမှုကို တားဆီးရန် ဆယ်ကျော်သက်များ၏ နိုင်ငံကူးလက်မှတ်များကို ဗြိတိန်ပိတ်ပင်မည်

လန်ဒန်၊ အောက်တိုဘာ-၁၉ ။           ။ စစ်သွေးကြွများ၏ သြဇာလွှမ်းမိုးခံနေရသောကြောင့် ၎င်းတို့၏ ၁၆-၁၇နှစ်အရွယ် သားသမီးများ ဆီးရီးယားနှင့် အီရတ်သို့ သွားရောက်မည်ကို စိုးရိမ်နေကြသည့် ဗြိတိသျှမိဘများအနေဖြင့် သားသမီးများ၏ နိုင်ငံကူးလက်မှတ်များကို ဖယ်ရှားခွင့် လျှောက်ထားနိုင်တော့မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက အောက်တိုဘာလ ၁၉ရက်နေ့တွင် ပြောကြားတော့ မည်ဖြစ်သည်။

အိုင်အက်စ်အုပ်စု၏ အစွန်းရောက်သဘောတရားများက ဆွဲဆောင်သောကြောင့် စစ်သွေးကြွများနှင့် ဆက်သွယ်ပူးပေါင်းရန် အရှေ့အလယ်ပိုင်းသို့ သွားရောက်နေကြသည့် ဗြိတိန်လူငယ်စီးကြောင်း ကို ဖြတ်တောက်ရန် ရည်ရွယ်သည့် လှုပ်ရှားမှုပင်ဖြစ်သည်။ စစ်သွေးကြွ အစ္စလာမ်များကို အရေးနိမ့်စေခြင်းမှာ ကျနော်တို့မျိုးဆက်ရဲ့ တိုက်ပွဲဟုလည်း ကင်မရွန်းက ပြောကြားခဲ့သည်။

‘အစိုးရရဲ့ အစွန်းရောက်ဝါဒ ဆန့်ကျင်တိုက်ဖျက်ရေး မဟာဗျူဟာသစ်ဟာ ဒီအဆိပ်အတောက်သဘောတရားကို မဆုတ်မနစ်တဲ့ သန္နိဌာန်နဲ့ ပိုမိုကြီးကျယ်တဲ့ ဗြိတိန်ကို တည်ဆောက်မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ ကျနော်တို့ရွေးချယ်ခဲ့တဲ့ ပြတ်သားတဲ့ သာဓကပါပဲ’’ဟု ကင်မရွန်းက ပြောကြားလိမ့်မည်ဖြစ်ကြောင်း မိန့်ခွန်းကောက်နုတ်ချက်များအရ သိရှိရသည်။

‘ဒီချဉ်းကပ်နည်းအသစ်ရဲက အဓိကအစိတ်အပိုင်းက မိဘတွေ လူထုအဖွဲ့အစည်းတွေကို သူတို့လိုအပ်တဲ့ အကြံဉာဏ်၊ ကိရိယာနဲ့ လက်တွေ့အထောက်အပံ့တွေနဲ့ လုပ်ပိုင်ခွင့်အပ်နှင်းပြီး ကလေး သူငယ်တွေ၊ လွှမ်းမိုးရလွယ်ကူတဲ့လူတွေကို အစွန်းရောက်ဝါဒအန္တရာယ်ကနေ အကာအကွယ်ပေးဖို့ပါ’’ဟုလည်း မိန့်ခွန်းထဲတွင် ကင်မရွန်းက ပြောကြားထားသည်ဟု ဆိုသည်။

အကြမ်းဖက်မှု၊ အစွန်းရောက်လှုပ်ရှားမှုတစ်ခုခုဖြင့် အပြစ်ရှိဖူးသူ မည်သူမဆိုကိုလည်း ကလေးများနှင့် လွှွမိုးရလွယ်သူများနှင့် အတူတူ အလုပ်မလုပ်နိုင်စေရန် အလိုလျောက် ပိတ်ပင်သွားမည်ဖြစ် သည်ဟုလည်း ဆိုသည်။

ယမန်နှစ်တစ်နှစ်တည်းတွင်ပင် ဗြိတိန်လူငယ်အမြောက်အများမှာ ဆီးရီးယားနှင့် အီရတ်တွင် အိုင်အက်စ်များနှင့် ဆက်သွယ်ပူးပေါင်းရန်အတွက် သွားရောက်ခဲ့ကြသည်ဟုလည်း ဗြိတိန်အစိုးရက ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့၏ နောက်ဆုံးကိန်းဂဏန်းများအရ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် ဆက်စပ်၍ ဖမ်းဆီးမှုပေါင်း ၃၃၈ခုပြုလုပ်ခဲ့ရာတွင် ၁၅၇ယောက်မှာ ဆီးရီးယားနှင့် ပတ်သက်နေပြီး ၅၆ယောက်မှာ အသက်၂၀အောက် လူငယ်များဖြစ်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly