ဘင်္ဂါလီများ ဘေးကင်းစွာ နေရပ်ပြန်လာနိုင်ရေး လုပ်ဆောင်ရန် မြန်မာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တိုက်တွန်း

ဘင်္ဂါလီများ ဘေးကင်းစွာ နေရပ်ပြန်လာနိုင်ရေး လုပ်ဆောင်ရန် မြန်မာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တိုက်တွန်း

နိုဝင်ဘာ ၃။    ။ ဘင်္ဂါလီ (မူရင်း ရိုဟင်ဂျာ ဟု ဖော်ပြ) များ ဘေးကင်း လုံခြုံစွာ နေရပ်ပြန်လာနိုင်ရေးအတွက် မြန်မာအစိုးရအနေနဲ့ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီ ယို ဂူတာရက်စ်က နိုဝင်ဘာ ၃ ရက်မှာ တိုက်တွန်းသွားခဲ့ပါတယ်။

ဒါဟာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်လည်း ပါဝင်တက်ရောက်နေလျက်ရှိပြီး ဘန်ကောက်မြို့မှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးတစ်ခုမှာ မစ္စတာ ဂူတာရက်စ်က အထက်ပါအတိုင်း ပြောဆို သွားခဲ့တာဖြစ်ပါတယ်။

အဆိုပါ ဘင်္ဂါလီ တို့ရဲ့ အကျပ်အတည်း အတိဒုက္ခတွေနဲ့ပတ်သက်လို့ ၎င်းအနေနဲ့ များစွာ စိုးရိမ်ပူပန်ရတယ်ဆိုပြီးတော့ ကုလအကြီးအကဲက ပြောသွားခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်းက ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှု လုပ်ဆောင်ခဲ့ပြီးနောက် ဘင်္ဂါလီ ၇၄၀,၀၀၀ ကျော်ဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားခဲ့ကြပြီး ၎င်းတို့အနက်က အများစုဟာ ပြည့်ကျပ်သိပ်နေတဲ့ ကမ့်စခန်းတွေမှာ ခိုလှုံနေရလျက် ရှိပါတယ်။

အဆိုပါ ဘင်္ဂါလီ ဒုက္ခသည်တွေ ဘေးကင်းလုံခြုံစွာ သိက္ခာရှိရှိ သဘောဆန္ဒအလျောက် နေရပ်ပြန်လာနိုင်ရေးအတွက် အဆင်ပြေအထောက်အပံ့ဖြစ်မယ့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးဖို့အတွက် မြန်မာအနေနဲ့ တာဝန်ရှိကြောင်း ဂူတာရက်စ်က ပြောသွားပါတယ်။

 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly