ပုဇွန်တောင် မဟာညောင်ကုန်းကျောင်းတိုက် မီးလောင်ခဲ့

ပုဇွန်တောင် မဟာညောင်ကုန်းကျောင်းတိုက် မီးလောင်ခဲ့

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ဗိုလ်ချုပ်လမ်းပေါ်ရှိ၊ မဟာညောင်ကုန်းကျောင်းတိုက်၊ ကျားသင်္ယန်းပရိယတ္တိ စာသင်တိုက် ဘုန်းတော်ကြီးကျောင်း အောက်တိုဘာလ ၁၉ ရက်၊ နံနက် ၂နာရီ ၅၀က မီးလောင်မှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ခြင်းဆေးခွေ မီးထွန်းရာမှတစ်ဆင့် သတင်းစာစက္ကူသို့ မီးကူးစက်၍ ကျောင်းတိုက်အား မီးလောင်ခဲ့ရခြင်းဖြစ်သည်။

မီးလောင်ကျွမ်းမှုကို မီးသတ်အင်အား (၅၀) ဦး၊ အုပ်ချုပ်မှုယာဉ် (၃) စီး၊ မီးသတ်ယာဉ် (၁၁) စီးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၁၀ မိနစ်တွင် မီးညွှန့်ကျိုးပြီး ၃နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှုကြောင့် ကျောင်းရှိ သံဃာတော်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိဟု သိရသည်။

Credit - MOI

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly